Wednesday, December 3, 2014

မြန်မာလူငယ် ကျောင်းသား ကျောင်းသူများအတွက် နော်ဝေ နိုင်ငံက ဒေးဗစ်တော ပညာသင်ဆု ရန်ပုံငွေ မတည်

ရန်ကုန်တက္ကသိုလ်တွင်သမိုင်း (သို့မဟုတ်) လူမှုရေးဘာ သာရပ်များ လေ့လာသင်ယူမည့် ကျောင်းသားများ အတွက် ဒေးဗစ်တောပညာသင်ဆု အစီအစဉ် ဆောင်ရွက်သွားမည်ဟု နော်ဝေး ဘုရင်က ပြောသည်။ ကရင်တိုင်းရင်းသားခေါင်းဆောင် ဖဒိုဒေးဗစ်တော၏ တက်ကြွသော စိတ်ဓာတ်ရှင်သန်စေရန် ရည်ရွယ်ဆောင်ရွက်သော ဒေးဗစ်တောပညာသင်ဆုကို နော်ဝေးနိုင်ငံ၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ပေး အပ်မည်ဖြစ်ပြီး ရန်ကုန်တက္က သိုလ်တွင် သမိုင်းဘာသာရပ်နှင့် လူမှုရေးဆိုင်ရာဘာသာရပ်များ ရွေးချယ် သင်ယူမည့် ဒေသအသီး သီးမှ ကျောင်းသားများလျှောက်ထားနိုင်မည် ဖြစ်သည်။
‘‘ဒီရန်ပုံငွေကို ဒေးဗစ်တော ပညာသင်ဆုလို့ အမည်ပေးချင်ပါတယ်။ သူဟာ ဒီတက္ကသိုလ်က ဘွဲ့ရခဲ့တဲ့ ကျောင်းသားတစ်ဦးဖြစ်ပြီး ငြိမ်းချမ်းရေးရရှိဖို့အတွက် ဆုံး ဖြတ်ချက်နဲ့ တစ်သက်လုံး မယိမ်း မယိုင်ကြိုးစား အားထုတ်ခဲ့သူ ဖြစ်ပါတယ်။ ဒေးဗစ်တောလို ငြိမ်းချမ်းရေးလိုလားပြီး ငြိမ်းချမ်းရေးအ တွက် အစဉ် တစိုက်ကြိုးစားအား ထုတ်ဖို့ ဆုံးဖြတ်ချက်ခိုင်မာတဲ့ ကျောင်းသားမည်သူမဆို ပညာသင်ဆု လျှောက်ထားနိုင်ပါတယ်။ ဒီပညာသင်ဆုအတွက် သမိုင်းနဲ့ လူမှုရေးဆိုင်ရာဘာသာရပ်တွေ ကို ဒီဂရီဘွဲ့နဲ့ မဟာဘွဲ့တန်းမှာ ပညာသင်ကြားနိုင်ပါတယ်’’ဟု နော်ဝေးဘုရင် ဟာရေးက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
အသက် (၇၀) ကျော်အရွယ်ရှိ နော်ဝေးဘုရင်က ၎င်းနှင့် သက်တူရွယ်တူများ၏ လက်ထဲတွင် မြန် မာနိုင်ငံ၏ အနာဂတ်ရှိမနေဘဲ မျိုးဆက်သစ်လူငယ်များ၏ လက်ထဲ တွင်သာရှိခြင်းကြောင့် ပညာသင် ဆု အစီအစဉ်ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု ဆိုသည်။
ဖဒိုဒေးဗစ်တောသည် ကရင်တိုင်းရင်းသားများ စည်းလုံးညီ ညွတ်ရေးပါတီ (KNU) တွင် ဗဟို အလုပ်မှုဆောင်နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး ၂၀၁၂ ဒီဇင်ဘာတွင် ကွယ်လွန်ခဲ့သည်။


No comments:

Post a Comment

back to top