နော်ဝေနိုင်ငံ၌ မြန်မာနိုင်ငံ သံရုံးဖွင့်လှစ်မည်
နှစ်နိုင်ငံ ဆက်ဆံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေများအရ နော်ဝေနိုင်ငံ၌ လာမည့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ သံရုံးကို ဖွင့်လှစ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။
ဘတ်ဂျက်က မတ်လ ၃၁ ရက်နေ့မှာ ကုန်မှာ။ အဲဒီနေ့မတိုင်ခင် ဖွင့်မယ်။ ဒီနှစ်ထဲမှာဆိုရင်လည်း သံရုံး အသစ်တွေ မြန်မာနိုင်ငံမှာ အခြေစိုက် ဖွင့်တာရှိပါတယ်ဟု ၀န်ကြီးက ပြောသည်။
မြန်မာနိုင်ငံ၌ သံရုံးဖွင့်လှစ်ရန် ကမ်းလှမ်းသည့် နိုင်ငံ အများစုကို ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ထပ်မံ ကမ်းလှမ်းလာသည့် နိုင်ငံများကိုလည်း စဉ်းစား၍ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း လက်ရှိတွင်ြ ပည်တွင်း၌ သံမတ်ကြီးရှိသည့် သံရုံးပေါင်း ၄၂ ရုံးခန့်ရှိကြောင်း သိရသည်။
No comments:
Post a Comment