ဗော်ဗို သမုဒ္ဒရာဖြတ် ပြိုင်ပွဲဝင်(၉)ဦး ရွက်လှေကို စွန့်ခွာခဲ့ရ
လူ(၉)ဦးပါ ဗော်ဗိုသမုဒ္ဒရာဖြတ် ပြိုင်ပွဲဝင် အသင်းတစ်သင်းဟာ တနင်္ဂနွေနေ့ အစောပိုင်းက သူတို့ရဲ့ ရွက်လှေကို စွန့်ခွာခဲ့ ကြရသည်။
သူတို့ရွက်လှေက ငါးမန်းပေါလှတဲ့ အိန္ဒိယသမုဒ္ဒရာအလယ်မှာ ကျောက်ဆောင်ပေါ်တင်ပြီး ဆိုးဆိုးရွားရွား ပျက်စီးသွားလို့ ဖြစ်ပါတယ်။ အဲဒီရွက်လှေက ဒိန်းမတ်နိုင်ငံက ဗက်တက်စ်ဝင်း အသင်းရဲ့ ရွက်လှေဖြစ်ပြီး တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့ကနေ ယူအေအီးနိုင်ငံ အဘူဒါဘ်ီမြို့ကို ရွက်လွှင့်နေတဲ့ ပွဲစဉ်(၂)စတုတ္ထနေရာက လိုက်နေပါတယ်။ သူတို့ကျောက်ဆောင်ပေါ် တင်သွားတာက မော်ရစ်သျှနိုင်ငံ အရှေ့မြောက်ပိုင်းနဲ့ ကီလိုမီတာ(၄၃၀)အကွာ စိန့်ဘရန်ဒန် ကျွန်းစုအနီးမှာ ဖြစ်ပါတယ်။ ယူရိုငွေ (၄ဒသမ၇၅)သန်းတန်တဲ့ ရွက်လှေကို စွန်ခွာဖို့ သြစတြေးလျလူမျိုး အသင်းခေါင်းဆောင် ခရစ်နီကိုးလ်ဆန် အမိန့်ပေးချိန်ဟာ ဂရင်းနစ်စံတော်ချိန် ည(၁၂)နာရီဖြစ်လို့ ပေါင်လယ်လောက်လှိုင်းတွေကို အမှောင်ထဲမှာ ဖြတ်သန်းရင်း နားခိုစရာ ကျောက်ဆောင်ဆီ လာခဲ့ရပါတယ်။ အရုဏ်တက်လောက်မှာ အနီးအနား ကမ်းခြေစောင့်တပ်က လှေတစ်စင်းနဲ့ သူတို့ကို လာခေါ်သွားမှာပဲ အဲဒီကျွန်းလေးမှာ သူတို့နားရပါတယ်။ ပြိုင်ပွဲဝင် အယ်လ်ဗီမီဒီကာ အသင်းကလည်း ပြိုင်ပွဲဝင်တာကိုရပ်ပြီး ဗက်စ်တက်စ်အသင်း ကျောက်ဆောင် တင်တဲ့နေရာကို အလျင်အမြန် သွားခဲ့ပါတယ်။ လိုအပ်ရင် ကူညီဖို့ပါ။ ဗက်တက်စ်အသင်း ကက်ပတိန် နီကိုဆန်က သူတို့အဖွဲ့ ဘာအန္တရာယ်မှမရှိဘဲ ဒဏ်ရာရတဲ့လူလည်း မရှိဘူးလို့ ကြေညာပြီးတဲ့ အခါမှာတော့ အဲဒီတူရကီရွက်လှေ အယ်လ်ဗီမီဒီကာလည်း ပြိုင်ပွဲပြန်ဝင်သွားပါတယ်။
No comments:
Post a Comment