Monday, December 1, 2014

ရီးရဲမက်ဒရစ်ကို ဘာစီလိုနာအမီလိုက်လာ

စပိန်လာလီဂါပွဲစဉ် (၁၃) လက်ကျန်အဖြစ် ဘာစီလိုနာနှင့် ဗလင်စီယာတို့ ယှဉ်ပြိုင်ကစားရာ ဘာစီလိုနာက အဝေးကွင်းတွင် အနိုင်ရ လိုက်သည်။

ဘာစီလိုနာ အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဆာဂျီယိုဘက်စ်ကွက်က မိနစ် ၉ဝ တွင် သွင်းယူခဲ့သည်။ ယင်း အနိုင်ပွဲကြောင့် ထိပ်ဆုံးရောက် ရီးရဲမက် ဒရစ်နှင့် နှစ်မှတ်အကွာ လိုက်လာသည်။ ဘာစီလိုနာအသင်းအနေဖြင့် ဖလား ရရှိရန် မျှော်မှန်းထားသည်။ လေလွင့်ချိန်တွင် မက်ဆီအကွက်ဆင် ပေးလိုက်သော ဘောလုံးမှ တစ်ဆင့် ဘက်စ်ကွက်က အနိုင်ဂိုး သွင်းယူခဲ့သည်။ ၄င်းသည် ၁၄ လအတွင်း ပထမဆုံး ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။ ဗလင်စီယာက ယခုနှစ်ရာသီ ပထမဆုံး အိမ်ကွင်း ရှုံးပွဲကြုံ၍ ဇယားနံပါတ် (၅) သို့ ဆင်းသွားသည်။ လီဗာပူး တိုက်စစ်မှူးဟောင်း ဆွာရက်ဇ်သည် အစောပိုင်းတွင် အကောင်းဆုံး အခွင့်အရေးနှစ်ကြိမ် လွဲချော်ခဲ့၍ ဘာစီလိုနာတို့ သွင်းဂိုး နည်းခဲ့ ရသည်။

No comments:

Post a Comment

back to top