ဘိုင်ယန်မြူးနစ် ပြိုင်ဘက်အသင်းများကို ၁၀ မှတ်ဖြတ်ထား
ချန်ပီယံလိဂ်တွင် မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် ဟာသာဘာလင်အသင်းကို ၁-၀ ဂိုး ဖြင့် အနိုင်ရရှိခဲ့သည့် ဘိုင်ယန်မြူး နစ်အသင်းမှာ ဂျာမန်ဘွန်ဒက်စ် လီဂါတွင် ပြိုင်ဘက်အသင်းများ ကို ၁၀ မှတ်ဖြတ်ထားနိုင်သည်။
ချန်ပီယံလိဂ်တွင် မန်စီးတီးကို ရှုံးနိမ့်မှုမှာ ဘိုင်ယန်အသင်း ကစားခဲ့သည့် ပွဲပေါင်း ၂၃ ပွဲအတွင်း ပထမဆုံးရှုံးပွဲဖြစ်သည်။ ယင်းပွဲတွင် ဘိုင်ယန်မှာ ကစားသမားတစ်ဦး အထုတ်ခံရသဖြင့် မန်စီးတီးကို ၁၀ ဦးတည်းဖြင့် ယှဉ်ပြိုင်ခဲ့ရသည်။
ဟာသာဘာလင်နှင့် ပွဲတွင် ဒုတိယပိုင်း၌ မိမိတို့အသင်း ကစားပုံ မကောင်းခဲ့သော်လည်း အနိုင် သုံးမှတ်ရယူနိုင်ခဲ့သည်ဟု ဘိုင်ယန် နည်းပြ ဂွါဒီယိုလာက ပြောသည်။ ရာသီကုန်ရန် ခြောက်လလို သေးသည့်အချိန်တွင် ဘိုင်ယန်အသင်းမှာ ဂျာမန်ဘွန်ဒက်စ်လီဂါ ဖလားကို သုံးကြိမ်ဆက်တိုက် ရယူရန် ကြိုးပမ်းနေပြီး မည်သည့် အသင်းကမျှ ဟန့်တားနိုင်မည့်ပုံ မပေါ်သေးကြောင်း အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြသည်။
No comments:
Post a Comment