ချန်ပီယံလိဂ်နောက်ဆုံး(၁၆)သင်းအဆင့် တွဲဆိုင်းများ ဒီဇင်ဘာ ၁၅ ရက် ရွေးချယ်မည်
ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ ပြီးဆုံးသွားပြီဖြစ်ရာ နောက်ဆုံး (၁၆)သင်းအဆင့် တွဲဆိုင်းများကို ဒီဇင်ဘာ ၁၅ ရက်တွင် ရွေးချယ် သွားမည်ဖြစ်သည်။
အိမ်ကွင်းတွင် ပထမအကျော့ ကစားရမည့် အုပ်စုဒုတိယအသင်းများမှာ ဂျူဗင်တပ်၊ ဘေဆယ်၊ လီဗာကူဆင်၊ အာဆင်နယ်၊ မန်စီးတီး၊ ပီအက်စ်ဂျီ၊ ရှော်လ်ကေး၊ ရှက်တာဒိုးနက်စ်တို့ ဖြစ်သည်။
ထို့အပြင် အုပ်စုတစ်အုပ်စုတည်း ကျရောက်ခဲ့သော အသင်းများကိုလည်း တွဲဖက်ပေးခွင့်မရှိပေ။ (ဥပမာ- ဘာစီလိုနာနှင့် ပီအက်စ်ဂျီ တို့ တွေ့ဆုံ၍မရပေ) တစ်နိုင်ငံတည်းမှ အသင်းနှစ်သင်းကိုလည်း တွဲဖက်ပေး၍ မရပေ။ (ဥပမာ ဘိုင်ယန်နှင့် ရှော်လ်ကေး၊ အာဆင်နယ်နှင့် ချယ်လ်ဆီး) ယင်းနေ့မှာပင် ချန်ပီယံလိဂ် နောက်ဆုံး (၁၆)သင်းအဆင့် တွဲဆိုင်းများအပြင် ယူရိုပါလိဂ် (၃၂) သင်း အတွဲအဖက်များကိုလည်း ရွေးချယ်သွားမည်ဖြစ်သည်။
No comments:
Post a Comment