Friday, December 12, 2014

ဘာကာအုပ်စုဗိုလ်ဖြစ်ခဲ့သလို မက်ဆီစံချိန်သစ်တင်

ဘာစီလိုနာ−ချန်ပီယံလိဂ်အုပ်စု (F) ဗိုလ်နေရာလုပွဲတွင် ပီအက်စ် ဂျီအသင်းကို ဘာစီလိုနာက နောက် မှလိုက်ကစားပြီး (၃-၁) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် မက်ဆီ၊ နေမာနှင့် ဆွာရက်ဇ်တို့ တစ်ဂိုးစီ သွင်းယူ ခဲ့ကြသည်။
နှစ်သင်းလုံးမှာ ချန်ပီယံ လိဂ်နောက်ဆုံး (၁၆) သင်းအဆင့် သို့ တက်ခွင့်ရထားသော်လည်း အုပ်စုဗိုလ်နေရာကို ပီအက်စ်ဂျီ က သရေ တစ်မှတ်ရရုံဖြင့် ရောက်ရှိနိုင်မည်ဖြစ်ပြီး ဘာကာက အနိုင်ရမှသာ အုပ်စုဗိုလ်ဖြစ်မည် ဖြစ်သဖြင့် အကြိတ်အနယ် ယှဉ်ပြိုင် ခဲ့ကြသည်။ ပွဲကစားချိန် ၁၅ မိနစ်တွင် အီဗရာဟင်မိုဗစ်က ပီအက်စ်ဂျီအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့သော်လည်း မက်ဆီက ၁၉ မိနစ်တွင် ဘာကာအတွက် ချေပဂိုး သွင်းယူခဲ့သည်။
မက်ဆီမှာ ယင်းဂိုးကြောင့် ဥရောပဂိုးသွင်းဘုရင် ရီးရဲလ်အသင်း ခေါင်းဆောင်ဟောင်း ရာအူးလ်၏ စံချိန်နှင့် တူညီသွားပြီဖြစ် သည်။ မက်ဆီမှာ ဥရောပပွဲပေါင်း  ၉၅ ပွဲတွင် စုစုပေါင်း ၇၆ ဂိုး အနက် ၇၅ ဂိုးကို ချန်ပီယံလိဂ်၌် သွင်းယူခဲ့ခြင်းဖြစ်ပြီး တစ်ဂိုးကို ၂၀၁၁ စူပါဖလား ဗိုလ်လုပွဲတွင် သွင်းယူခဲ့ခြင်း ဖြစ်သည်။
မက်ဆီ (၂၇) နှစ်သည် လာလီဂါဂိုးသွင်းဘုရင်၊ ချန်ပီယံလိဂ် ဂိုးသွင်းဘုရင် ဘာကာအသင်း၏ စံချိန်ကို မီရန် တစ်ဂိုးလိုနေသေးပြီး ယင်းနောက် အင်ဇာဂီက ၇၀ ဂိုးဖြင့် တတိယနေရာတွင် ရှိနေသည်။

No comments:

Post a Comment

back to top