Saturday, December 13, 2014

နိုဝင်ဘာလ အကောင်းဆုံးဆုများ အဂူရိုနှင့် အလန်ပါဂျူးရရှိ

နိုဝင်ဘာလအတွက် အကောင်းဆုံးနည်းပြဆုကို နယူးကာဆယ်နည်းပြ အလန်ပါဂျူးက ရရှိခဲ့ပြီး အကောင်းဆုံး ကစားသမားဆုကို မန်စီးတီးမှ ဆာဂျီယိုအဂူရိုတို့က ရရှိသွားသည်။
အလန်ပါဂျူး(၅၃)နှစ်သည် နိုဝင်ဘာလအတွင်း လေးပွဲကစားခဲ့ရာ သုံးပွဲအနိုင်ရရှိအောင် စွမ်းဆောင်ခဲ့ပြီး နည်းပြ နှစ်ဦးဖြစ်သည့် မော်ရင်ဟိုနှင့် ပယ်လီဂရီနီတို့ကို ကျော်၍ အကောင်းဆုံးဆု ရရှိခြင်းဖြစ်သည်။
မန်စီးတီးတိုက်စစ်မှူး အဂူရိုမှာလည်း ၎င်းပါဝင်ကစားခဲ့သော ပွဲလေးပွဲတွင် သုံးဂိုးသွင်းယူခဲ့သည်။ အာဂျင်တီးနား တိုက်စစ်မှူးသည် မန်ယူနှင့် ပွဲတွင် အနိုင်ဂိုး သွင်းယူခဲ့ပြီး ကျူပီအာနှင့် နှစ်ဂိုးစီ သရေကျခဲ့သောပွဲတွင် နှစ်ဂိုးလုံး သွင်းယူပေးခဲ့သည်။ ယင်းမှာ အဂူရိုအတွက် တစ်လတာအကောင်းဆုံး ကစားသမားဆု ဒုတိယအကြိမ် ရရှိခြင်းဖြစ်သည်။
အဂူရိုသည် ပရီးမီးယားလိဂ် ပွဲပေါင်း ၁၅ ပွဲ ကစားထားကာ ၁၄ ဂိုး သွင်းယူထားသည်။ လောလောဆယ်တွင် အဂူရိုမှာ ဒဏ်ရာရနေပြီး သီတင်းလေးပတ်မှ ခြောက်ပတ်အထိ အနားယူရဖွယ်ရှိသည်။

No comments:

Post a Comment

back to top