Wednesday, December 10, 2014

စစ်ပင်ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲကျင်းပ
**************************************************

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် စည်းရုံးရေးနယ်မြေအတွင်းရှိ စစ်ပင်ရပ်ကွက်၊ ရပ်ကွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၆) ရက် နံနက်ပိုင်းက ရပ်ကွက် ပါတီရုံးတည်ရှိရာ စစ်ပင်လမ်းမကြီးဘေး စစ်ပင်ရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
စစ်ပင်ရပ်ကွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးတင်အောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သူ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထူး၊ မြို့နယ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးလှမျိုးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ပါတီဆိုင်းဘုတ်နှင့် ရုံးအား သပြေခက်နှင့် နံ့သာရည်များ ဖျန်းပက်မင်္ဂလာပြုလုပ်ပေးခဲ့ကြပါသည်။
ထို့နောက် ရပ်ကွက်ပါတီရုံးအတွက် စစ်ပင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်မင်းမှ လှူဒါန်းငွေကျပ် ၅၀၀၀၀၊ ဒေသ ဖွံ့ဖြိုးရေးနှင့် စည်းရုံးရေးရာလုပ်ငန်းများတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက် အမာခံပါတီဝင် များဖြစ်ကြသည့် ဦးကျော်ရွှေ မိသားစုမှ ငွေကျပ် ၂၅၀၀၀၊ ဦးဇော်လွင်ဦး မိသားစုမှ ငွေကျပ် ၂၅၀၀၀ စီတို့ကို ပေးအပ် လှူဒါန်းရာ ရပ်ကွက်ပါတီအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းမှ လက်ခံရယူပါသည်။ ပါတီရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင် မင်္ဂလာအခမ်းအနားသို့ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာများမှ အဖွဲ့ခေါင်းဆောင်နှင့် ကော်မတီ ၀င်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ စုစုပေါင်း အင်အား (၁၀၀) ဦး တက်ရောက် ကြကြောင်း သိရသည်။

No comments:

Post a Comment

back to top