Wednesday, December 10, 2014

SBS မှ တင်ဆက်သော နာမည်ကျော် Running Man အစီအစဉ် အပိုင်းသစ်တွင် ပါဝင်မည့် Lee Seung Gi နှင့် Moon Chae Won


SBS မှ တင်ဆက်သော Running Man အစီအစဉ်အပိုင်းသစ်တွင် မင်းသားချော Lee Seung Gi နှင့် မင်းသမီးချော Moon Chae Won တို့ ပါဝင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ မင်းသား Lee Seung Gi အတွက် Running Man အစီအစဉ်တွင် ယခုအကြိမ် ပါဝင်ကစားခြင်းမှာ တတိယအကြိမ်မြောက်ဖြစ်ပြီး မင်းသမီး Moon Chae Won အတွက် ပထမဦးဆုံးအကြိမ် ပါဝင်ကစားခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးသည် Brilliant Legacy၊ Today’s Love အစရှိသည့် SBS မှ စီစဉ်ရိုက်ကူးသော ဒရမ်မာဇာတ်ကားများတွင် တွဲဖက်ပါဝင်သရုပ်ဆောင်ခဲ့ကြသူများဖြစ်သည်။ ၄င်းတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားသည့် Today’s Love ဒရမ်မာဇာတ်ကားအား လာမည့် ဇန်န၀ါရီလ (၁၅) ရက်နေ့မှ စတင်ရုံတင်ပြသမည်ဖြစ်ပြီး ယခုရိုက်ကူးမည့် Running Man အစီအစဉ်အပိုင်းသစ်ကိုလည်း ဇန်န၀ါရီလအတွင်း ထုတ်လွှင့်နိုင်ရန် လျာထားကြောင်း သိရှိရသည်။

No comments:

Post a Comment

back to top