ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သံတွဲမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လိုက်လံကြည့်ရှု
***************************************************************************
သံတွဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လှိုင် တို့သည် ယခုလ ၆ ရက် နံနက်ပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်၊ မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစိုးမြင့်၊ မြို့နယ်စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးတင်လေး၊ မြို့နယ်ဆည်မြောင်းဦးစီးမှူး၊ ပြည့်ဖြိုးသန္တာကုမ္ပဏီက ဒါရိုက်တာအဖွဲ့ဝင်များနှင့်အတူ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင်း ခွင့်ပြုငွေကျပ် သိန်း ၁၉ဝဝ နှင့် မြို့နယ်၊ ကျေးလက်ရေ ရရှိရေးအတွက် နန်းချောင်း ကျေးရွာအုပ်စုတွင်းရှိ လျှိုပိတ်ဆည် တည်ဆောက်မည့်လုပ်ငန်းအား ကျေးရွာသူ ကျေးရွာသား ၁ဝဝ ခန့်နှင့် မူလမင်းကွန်ကျောင်းတိုက် တွင် တွေ့ ဆုံဆွေးနွေးကြသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ထောက်/ကူကော်မတီ တို့သည် သံတွဲမြို့နယ် တလင်းဆိတ်ကျေးရွာ ဂူကြီးခုံတွင် ခွင့်ပြုငွေကျပ် သန်း ၉ဝ ဖြင့် အောင်ဖြိုးဝေ ကုမ္ပဏီ က ဆောက်လုပ်နေသည့် တံတားအားလည်းကောင်း၊ အေးငြိမ်းဆောက်လုပ်ရေးကုမ္ပဏီက ခွင့်ပြုငွေ ကျပ် ၁၈၅ သန်းဖြင့် သံတွဲမြို့ ရပ်ကွက် (၄) ရှိ Bore Pile ကမ်းထိန်းနံရံ ပေ ၃ဝဝ ပြုလုပ်နေသည့် လုပ်ငန်းအားလည်းကောင်း၊ ခွင့်ပြုငွေကျပ် ၁ဝ၁ ဒသမ ၃၆ သန်းဖြင့် အံတော်ကင်းသေကျွန်း လမ်းမိုင် နှစ်မိုင်အား ကျောက်ချောလမ်းခင်းနေခြင်းကိုလည်းကောင်း၊ ခွင့်ပြုငွေ ကျပ် ၁၁၂ ဒသမ ၈၆ သန်းဖြင့် ပြည့်ဖြိုးသစ္စာ ကုမ္ပဏီက ပြုလုပ်နေသည့် ရွှေကျောင်းပြင် မှိုဟင်းပြင်လမ်းမိုင် နှစ်မိုင်အား ကျောက်ချော လမ်းခင်းခြင်းလုပ်ငန်းနှင့် ယင်းကုမ္ပဏီက ခွင့်ပြုငွေ ကျပ် ၃၄ ဒသမ ၁၃ဝ သန်းဖြင့် ဆောက်လုပ်မည့် ကျောက်ရိုးစီ သစ်သားတံတားလေးစင်း ပြင်ဆင်နေမှုများကိုလည်းကောင်း၊ အနာဂတ်ရခိုင် ရွှေမြေကုမ္ပဏီ က ဆောက်လုပ် သည့် ကျေးလက် ယင်လုံအိမ်သာတည်ဆောက်ထားမှုတို့ကို လှည့်လည်ကြည့်ရှု၍ သတ်မှတ်ထားသော အချိန်တွင် ပြီးစီးရန်နှင့် သတ်မှတ်ထားသော အရည်အသွေး ပြည့်မီအောင် ဆောင်ရွက်စေ လိုကြောင်း မှာကြားခဲ့သည်ဟု သိရသည်။
No comments:
Post a Comment