Wednesday, December 10, 2014

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန် အလှူငွေများ လှူဒါန်း
**********************************************************
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးနိုင် သည် ယခုလ ၆ရက်တွင် ဖျာပုံမြို့ သာသနာ့ဗိမာန် ပြုပြင်မွမ်းမံ ထိန်းသိမ်းရေး အလှူငွေ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ငွေကျပ်သုံးသိန်း လှူဒါန်းခဲ့သည်။
ထို့နောက် ယခုလ ၇ရက်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဖျာပုံခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နာယက ဦးစန်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်တင်မြင့် တို့နှင့်အတူ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများနှင့် တွေ့ဆုံ၍ ပါတီတွင်း စည်းရုံး ညီညွတ်ရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စ များဆွေးနွေးပြီး တင်ပြလာမှုများအပေါ် ရှင်းလင်းမှာကြား ဆွေးနွေး ကာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင် ရွက်ရန်အတွက် ငွေကျပ် ၇၃၆ဝဝဝ ကို ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top