Tuesday, December 2, 2014

အမေရိကန်မော်ဒယ်လ် World International Grand အလှသရဖူ ဆွတ်ခူး

တရုတ်နိုင်ငံ ရှန်ကျန်းမြို့ တောင်ပိုင်းတွင် နိုဝင်ဘာ ၂၈ ရက်က ကျင်းပခဲ့သော (၂၆)ကြိမ်မြောက် Miss Model of the World International Grand ပြိုင်ပွဲတွင် အမေရိကန် မော်ဒယ်လ် Shelynne Hoytသည် အလှမယ်သရဖူကို ဆွတ်ခူးသွားခဲ့ကြောင်း သိရသည်။


အဆိုပါ အလှမယ် ရွေးချယ်ပွဲတွင် ယူကရိန်း မော်ဒယ်လ် Anastasiya Sukh က ဒုတိယဆုကို ရရှိခဲ့ပြီးရုရှားမော်ဒယ်လ် NataliaTcytkoကတတိယဆုကိုဆွတ်ခူးခဲ့သည်။

၎င်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၆၁ နိုင်ငံမှ မော်ဒယ်လ် ၆၁ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲဝင် မော်ဒယ်လ်များသည် ရိုးရာ ဝတ်စုံ၊ ရေကူး ဝတ်စုံနှင့်ညနေခင်း ဝတ်စုံများကိုဝတ်ဆင်၍ ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါအလှမယ်ရွေးချယ်ပွဲကို ၁၉၈၈ ခုနှစ်တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ စတင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

No comments:

Post a Comment

back to top