Tuesday, December 2, 2014

၂၀၁၇ ခုနှစ်တွင် အပြီးသတ် ဖန်တီးတည်ဆောက်နိုင်ရန် မျှော်မှန်း ထားသည့် ပထမဦးဆုံး သရီးဒီပုံစံ စံပြ စင်ကာပူ မြို့တော်စီမံကိန်း

စင်ကာပူနိုင်ငံ အမျိုးသား သုတေသန ဖောင်ဒေးရှင်း (NRF) မှ ဦးစီးကာ စင်ကာပူနိုင်ငံအား ပထမဦးဆုံး သရီးဒီပုံစံ စံပြစင်ကာပူ မြို့တော်အဖြစ် ပြောင်းလဲရေး စီမံကိန်းကို ၂၀၁၇ ခုနှစ် နောက်ဆုံးထားကာ အကောင်အထည် ဖော်ဆောင်နိုင်ရန် မျှော်မှန်းကြိုးစား လျက်ရှိကြောင်း တာဝန် ရှိသူများမှ ပြောကြားခဲ့သည်။ စင်ကာပူဒေါ်လာ (၇၃) သန်း အကုန်အကျခံကာ လုပ်ဆောင်မည့် အဆိုပါ စီမံကိန်းမှာ စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်း၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်နေသော ခန့်ညားထည်ဝါသော နိုင်ငံတော် ဖြစ်တည်ရေး ရည်ရွယ်၍ လုပ်ဆောင်နေသော စီမံကိန်းများ အနက် တစ်ခု အပါအ၀င် ဖြစ်သည်။

ပြည်သူလူထု အပါအ၀င် နိုင်ငံပိုင်နှင့် တခြားအဖွဲ့အစည်းများပိုင်း အခန်းကဏ္ဍ အားလုံးအတွက် ပိုမို အဆင်ပြေ ချောမွေ့စေရေး ရည်ရွယ်ပြီး စင်ကာပူနိုင်ငံအတွက် ရုပ်ပိုင်းဆိုင်ရာ ခေတ်မှီဖွံ့ဖြိုး တိုးတက် စေရန်အတွက် ကြိုးပမ်းလုပ်ဆောင် လျက်ရှိကြောင်း၊ လုံခြုံရေးနှင့် သတင်းအချက်အလက်များ ကာကွယ် ရေးတို့ကို အဓိကဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း NRF မှ အလေးထား ပြောကြားခဲ့သည်။ စင်ကာပူ နိုင်ငံ မြေယာအာဏာပိုင် အဖွဲ့သည် လတ်တလော ဆောင်ရွက်နေဆဲ ဖြစ်သည့် အဆိုပါ စီမံကိန်း Virtual Singapore ၏ အဓိက ဦးဆောင် ရမည့်သူဖြစ်လာမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment

back to top