Tuesday, December 2, 2014

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် တူရကီသမ္မတ Tayyip Erdogan(တေရစ် အာဒိုဂန်)တို့ တွေ့ဆုံ

ယခုတွေ့ဆုံမှုသည် တူရကီနိုင်ငံသို့ (၃) ရက်ကြာ ရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီးကို Ankara (အန်ကာ ရာ)မြို့က သမ္မတ နေအိမ်တော်မှာ တရားဝင်ကြိုဆို နှုတ်ဆက်ခဲ့ပြီးနောက်၊ ထပ်မံ တွေ့ဆုံခြင်းဖြစ် သည်။



ပုပ်ရဟန်းမင်းကြီးရဲ့ ဒီခရီးစဉ်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ ခရစ်ယာန်အပါအ၀င် တခြား ဘာသာ ကိုးကွယ်တဲ့ လူနည်းစုတွေအပေါ် ဆန့်ကျင်တဲ့ အပြုအမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး၊ ပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာ မွတ်ဆလင်ခေါင်းဆောင်တွေနဲ့လည်း ခိုင်မာတဲ့ ရင်းနှီး ချစ်ကြည်မှုတွေ တည်ဆောက်ဖို့ ထူထောင်ဖို့အတွက် ရောက်လာခြင်းဖြစ် ကြောင်း၊ တူရကီသမ္မတ အာဒိုဂန်ဟာ မွတ်ဆလင် ဘာသာရေးခေါင်းဆောင် Mehmet Gormez(မာမက်ဂေါ်မက်ဇ်)နဲ့လည်း တွေ့ဆုံ ခဲ့ပြီး၊ ဘာသာရေး ကွာဟချက်တွေနဲ့ ဘာသာရေးအစွန်းရောက် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပတ်သက် ပြီး အဓိကထား ဆွေးနွေးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ တူရကီ တောင်ပိုင်းမှာရှိတဲ့ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတို့မှာ ဆွန်နီ အစ္စလာမ်မစ်ဖြစ်တဲ့ IS စစ်သွေးကြွ အဖွဲ့ ထကြွသောင်းကြမ်း လျက်ရှိပြီး၊ ၄င်းအဖွဲ့က အစ္စလာမ်မစ်ပိုင်နက် နယ်မြေကြေညာနေကြသည်။ ၄င်းတို့နဲ့ ကွဲပြားတဲ့ ရှီးယိုက်နဲ့ ခရစ်ယာန်တွေကို ရှင်းလင်းသုတ်သင်တဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ဆောင်ရွက် နေကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါသည်။

No comments:

Post a Comment

back to top