Thursday, December 11, 2014

စပိန်တိုက်စစ်မှူး ရာအူးကို နယူးယော့ခ်ကော့စမော့အသင်း ပွဲထုတ် မိတ်ဆက်
မြောက်အမေရိက ဆော့ကားလိဂ် ပြိုင်ပွဲဝင် နယူးယော့ခ်ကော့စ်မော့အသင်းက စပိန်တိုက်စစ်မှူး ရာအူးကို အင်္ဂါနေ့က တရားဝင် မိတ်ဆက် ပေးခဲ့သည်။
အသက်(၃၇)နှစ် ရှိပြီဖြစ်သော ရီယယ်မက်ဒရစ် ကစားသမားဟောင်း ရာအူးက "ဒီလို သမိုင်းဝင် အသင်းကြီးတစ်သင်းမှာ ပါဝင်ခွင့် ရတဲ့အတွက် ဂုဏ်ယူပါတယ်။ နယူးယော့ခ်ကော့စမော့ အသင်းရဲ့ သမိုင်းကြောင်း မြင့်မားအောင်နဲ့ ကြီးကျယ် ခမ်းနားတဲ့ အနာဂတ်ဖြစ်အောင် တည်ဆောက် ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကွင်းထဲမှာ နိုင်ပွဲတွေရဖို့ ကူညီနိုင်မယ့်အပြင် ကွင်းပြင်ပမှာတော့ လူငယ်တွေကို ကျွန်တော့် အတွေ့အကြုံတွေ မျှဝေပေးမှာပါ။ လူငယ်အကယ်ဒမီ တည်ဆောက်နိုင်ဖို့လည်း ကူညီနိုင်မှာပါ"လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသည်။လာလီဂါအကောင်းဆုံး ဘောလုံးသမားဆုကို (၅)ကြိမ်ရထားတဲ့ ရာအူးဟာ အောက်တိုဘာလမှာ နယူးယော့ခ်ကော့စမော့နဲ့ စာချုပ်ခဲ့သည်။ စာချုပ်သက်တမ်းနဲ့ ငွေပမာဏကို မဖော်ပြပေမယ့် (၂၀၁၅)ခုနှစ်မှာ စတင်မယ့် ကလပ်ရဲ့ လူငယ်အကယ်ဒမီမှာလည်း နည်းစနစ် အကြံပေးပါ လုပ်မယ်လို့ သိရသည်

No comments:

Post a Comment

back to top