Tuesday, December 2, 2014

ထိုင်းတောင်ပိုင်း ငြိမ်းချမ်းရေးအတွက် မလေးရှားနှင့် ဆွေးနွေး

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် ဒီဇင်ဘာ ၁ ရက်က မလေးရှား ၀န်ကြီးချုပ် နာဂျစ် ရာဇက်နှင့် တွေ့ဆုံခဲ့ရာ မလေးရှား နယ်စပ်နှင့် ထိစပ်နေသော ထိုင်းတောင်ပိုင်းရှိ လူသေဆုံးစေခဲ့သော မွတ်ဆလင် သူပုန်များအရေး ဆွေးနွေး ခဲ့ကြောင်းသိရသည်။

ပရာယွတ်သည် မေလစစ်အာဏာသိမ်း၍ ၀န်ကြီးချုပ် ဖြစ်လာခဲ့ပြီးနောက်ပိုင်း နိုင်ငံ၏တောင်ပိုင်း အိမ်နီးချင်းမလေးရှားနိုင်ငံသို့ ၎င်း၏ပထမဆုံး အလည်အပတ်ခရီးအဖြစ် ဒီဇင်ဘာ ၁ ရက်နံနက်ပိုင်းက ရောက်ရှိခဲ့သည်။
ထိုင်းအစိုးရနှင့် မွတ်ဆလင် သူပုန်များအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ယခင်ဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာ အစိုးရ လက်ထက်တွင် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံပြုလုပ်ခဲ့ပြီး ယခုအခါ ယင်းဆွေးနွေးပွဲများကို  ပြန်လည်စတင်ရန် ဆန္ဒ ရှိနေသည်ဟု ထိုင်းအစိုးရက ပြောကြားသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တိုးတက်မှုအနည်းငယ်သာရှိခဲ့ပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် အစိုးရသည်လည်း နိုင်ငံရေးအကျပ်အတည်းတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး နောက်ပိုင်း ယမန်နှစ်က ဆွေးနွေးပွဲ များလည်း  ပျက်ပြား ခဲ့ရသည်။
ထိုင်းနိုင်ငံတွင် အာဏာသိမ်းပြီး နောက်ပိုင်း တောင်ပိုင်းဒေသရှိ စစ်သွေးကြွများ၏ တိုက်ခိုက်မှု များကြောင့် လူသေဆုံးမှုများ ရှိခဲ့သည့် အခြေ အနေများနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ နှိမ်နင်းမှုများကြောင့် အဆိုပါငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်မည့် အလားအလာ နည်းပါး လျက်ရှိသည်။

No comments:

Post a Comment

back to top