ပါတီ ဗဟိုအတွင်းရေးမှူး ဦးသိန်းဆွေ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီ ကော် မတီဝင် များနှင့် တွေ့ဆုံ
***********************************************************
ပါတီစည်းရုံးရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ရွေးကောက် ပွဲ အောင်နိုင်ရေး အတွက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ ညှိနှိုင်းရေး အစည်းအဝေးကို ရခိုင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ရုံး အစည်းအဝေး ခန်းမ၌ ဒီဇင်ဘာ (၈) ရက်က ကျင်းပရာ ပါတီဗဟိုအတွင်းရေးမှူး ဦးသိန်းဆွေ၊ ဗဟိုကော်မတီဝင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထိန်လင်း၊ ပြည်နယ် အတွင်းရေးမှူး ဒေါက်တာစန်းရွှေ (ဗဟိုကော် မတီဝင်) နှင့် ပြည်နယ်ကော်မတီဝင်များ၊ ခရိုင်ဥက္ကဋ္ဌများ၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်မှ မြို့နယ်ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုအတွင်းရေးမှူးက မြို့နယ်အလိုက် စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါတီမှချမှတ်ပေးသော လမ်းညွှန်ချက်များနှင့်အညီ ဆောင် ရွက်ရေး၊ ပါတီဝင်အင်အား တိုးပွားအောင် သွက်သွက်လက်လက် ထက်ထက်မြက်မြက်ဖြင့် ကြိုးပမ်းဆောင်ရွက်ရေး ပြောကြားခဲ့ပြီး စည်းရုံးရေးထက် အရေးကြီး သည့်လုပ်ငန်းမရှိကြောင်း၊ စည်းရုံးရေးကို ထဲထဲဝင်ဝင် ကိုယ်တိုင်လုပ်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုနှင့် အမြဲထိတွေ့နေဖို့လိုကြောင်း၊ အားလုံး တက်တက်ကြွကြွဖင့် ပူးပေါင်းဆောင် ရွက်ကြစေလို ကြောင်း၊ မြို့နယ်များရှိ ကျေးရွာများတွင် မိမိပါတီအမာခံများဖြင့် Door To Door စနစ်ဖြင့် စည်းရုံးရေး၊ ပါတီပိုင် မဲစာရင်းပြုစုခြင်းနှင့် တစ်ဆက်တည်း ပြည်သူလူထု၏ လိုအပ်ချက်များကို သိရှိအောင်ပြုလုပ်ပြီး ဖြည့်ဆည်း ဆောင် ရွက်ပေးနိုင်သမျှ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပြည်ထောင်စုအစိုးရ၊ ပြည်နယ် အစိုးရအဖွဲ့များနှင့် ဆက်စပ်ပြီး ယခင်ကနှင့်မတူဘဲ ပိုမို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ပါတီဝင်များက တစ်တပ်တစ်အား ပါဝင်ကူညီ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင် လာပါက ယခုထက်ပိုမိုတိုးတက် လာမည်ဖြစ်ကြောင်း၊ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မိမိတို့ပါတီအနိုင်ရအောင် အားလုံးတက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဗဟိုကော်မတီဝင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထိန်လင်းက မြို့နယ်အလိုက် စည်းရုံးရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြရာတွင် ပြည်သူလူထု လိုအပ်ချက် အမှန်တကယ်ဖြစ်စေရန်၊ ဖွံ့ဖြိုးရေး လုပ်ငန်းများကို သိရှိအောင် ပြုလုပ်ပြီး တင်ပြကြစေလို ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်အတွင်းရေးမှူး ဒေါက်တာစန်းရွေ(ဗဟိုကော်မတီဝင်) က ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော စည်းရုံးရေးလုပ်ငန်းများ၊ ပါတီဝင်အင်အား အခြေအနေတို့ကို တင်ပြခဲ့ပြီး ခရိုင်၊ မြို့နယ်များ အလိုက်ရှိသော ပါတီစည်းရုံးရေး လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လိုအပ်ချက်များကို တင်ပြရာ ဗဟိုအတွင်းရေးမှူးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ တို့က ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment