MNL ချာရတီဖလားပြိုင်ပွဲ နှစ်ကျော့စနစ် ပြောင်းလဲကျင်းပမည်
၂ဝ၁၅ ရာသီ MNL ချာရတီဖလားပြိုင်ပွဲကို
ပြိုင်ပွဲပုံစံပြောင်းလဲသွားမည် ဖြစ်ပြီး အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ကစားမည်ဖြစ်
သည်။ ယင်းပြိုင်ပွဲကို ဇန်နဝါရီ ၃ ရက်နှင့် ၄ ရက်တို့တွင် ပုသိမ်မြို့နှင့် မန္တလေးမြို့တို့တွင်
ကျင်းပမည်ဖြစ်သည်။
၂ဝ၁၅ MNL ချာရတီဖလားပြိုင်ပွဲအဖြစ် ၂ဝ၁၄ MNL အမှတ်ပေးချန်ပီယံ ရတနာပုံအသင်းနှင့် MFF
Cup ရှုံး/ထွက်ချန်ပီယံ ဧရာဝတီအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဇန်နဝါရီ ၃ ရက်
ညနေ ၃ နာရီခွဲတွင် ပုသိမ်မြို့ရှိ ကျောက်တိုင်ကွင်း၌ လည်းကောင်း၊ ဇန်နဝါရီ ၇ ရက် ညနေ
၎ နာရီ တွင် မန္တလေးမြို့ရှိ ဗထူးကွင်းတွင် လည်းကောင်း၊ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ဧရာဝတီအသင်းမှာ ၂ဝ၁၅ ရာသီတွင် MNL ပွဲစဉ်များကို ကျောက်တိုင်ကွင်း၌
အိမ်ကွင်းအဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ယင်းပွဲစဉ်မှာ အိမ်ကွင်းအဖွင့်ပွဲ ဖြစ်လာမည် ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် သည် MNL ချာရတီဖလားပြိုင်ပွဲကို ၂ဝ၁၂ ခုနှစ်က စတင်ကျင်းပခဲ့ပြီး
ယခင်က တစ်ကျော့တည်းသာ ကျင်းပခဲ့ သော်လည်း ယခုနှစ်တွင် ပုံစံပြောင်းကာ အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့်
ယှဉ်ပြိုင် စေခြင်းဖြစ်သည်။ ၂ဝ၁၂ ပြိုင်ပွဲတွင် ဧရာဝတီအသင်း၊ ၂ဝ၁၃ ပြိုင်ပွဲတွင် ရန်ကုန်အသင်း၊
၂ဝ၁၄ ပြိုင်ပွဲတွင် ကမ္ဘောဇအသင်းတို့က ဗိုလ်စွဲ ထားကြသည်။
ယခု ၂ဝ၁၅ ရာသီတွင် တွေ့ဆုံနေသည့် ရတနာပုံအသင်းနှင့် ဧရာဝတီ
အသင်းတို့မှာ ပြီးခဲ့သည့် ၂ဝ၁၄ ရာသီအမှတ်ပေးပြိုင်ပွဲတွင် တွေ့ဆုံစဉ် မှာ ရတနာပုံအသင်းက
နှစ်ကျော့စလုံးအနိုင်ရခဲ့ပြီး ရှုံး၊ ထွက် ပြိုင်ပွဲတွင် ဧရာဝတီအသင်းက အနိုင်ရရှိထားသည်။
ယခုပြိုင်ပွဲမှ ရရှိထားသော ကွင်း ဝင်ကြေး အားလုံးကို လှူဒါန်းသွားမည်ဖြစ်သည်။
No comments:
Post a Comment