Wednesday, December 3, 2014

စင်ကာပူနိုင်ငံရှိ စားသောက်ဆိုင်များတွင် စက်ရုပ်စားပွဲထိုးများကို ၂ဝ၁၅ တွင် အစားထိုး အသုံးပြု သွားမည်

စင်ကာပူနိုင်ငံရှိ စားသောက်ဆိုင်များ၌ လူသားစားပွဲထိုးများ၏ နေရာတွင် စက်ရုပ်စားပွဲထိုးများကို အစားထိုး အသုံးပြုသွားမည် ဖြစ်ပြီး ၎င်း အစီအစဉ်ကို လာမည့်နှစ်ကုန်တွင် စတင် အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း သိရသည်။

Infinium-Serve ကုမ္ပဏီမှ တီထွင်ထုတ်လုပ်ထားသော စက်ရုပ်စားပွဲထိုးများကို စင်ကာပူနိုင်ငံရှိ Timbre Group ကုမ္ပဏီပိုင် စားသောက်ဆိုင် ငါးဆိုင် အနက် တစ်ဆိုင်တွင် ပထမဆုံး စတင် အသုံးပြုသွားမည် ဖြစ်ကြောင်း Infinium-Serve ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် ဝန်းဇွန်ယမ်းက ပြောကြားခဲ့သည်။ ယင်းကဲ့သို့ စက်ရုပ် စားပွဲထိုးများ အသုံးပြုခြင်းသည် နိုင်ငံ၏ အလုပ်သမား စရိတ်ကို သက်သာစေရန် အထောက်အကူ ပြုနိုင်မည်ဟု ယုံကြည်ကြောင်း မစ္စတာဝန်းက ပြောကြားခဲ့သည်။ ထို့ပြင် စားသောက်ဆိုင် များ၏ ရောင်းအားကိုလည်း တိုးမြှင့်ပေးရာ ရောက်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ ထို့ကြောင့် Infinium-Serve ကုမ္ပဏီနှင့် Timbre Group ကုမ္ပဏီ တို့သည် စက်ရုပ် ရောင်းဝယ်ရေး သဘောတူစာချုပ် မူကြမ်း နားလည်မှု စာချွန်လွှာကို အောက်တိုဘာ ၃၁ ရက်က လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။ Infinium-Serve ကုမ္ပဏီထုတ် နမူနာ စက်ရုပ် စားပွဲထိုးများကို အောက်တိုဘာလ အစောပိုင်းတွင် ကျင်းပခဲ့သည့် National Productivity Month ဖွင့်ပွဲ အခမ်းအနားတွင်  စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကို ထုတ်ဖော် ပြသခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top