Wednesday, December 3, 2014

ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များ ဆောင်ကိုရီးယား၌ ကျင်းပမည်

ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယား သုံးနိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေးပွဲတော်များ ၂၀၁၅ ခုနှစ်တွင် ဂျပန်နိုင်ငံ နီဂါတာ၊ တရုတ်နိုင်ငံ ချင်းတောက်၊ တောင်ကိုရီးယားနိုင်ငံ ချွန်ဂျူတို့၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အရှေ့အာရှ၏ ယဉ်ကျေးမှု မြို့တော်ဟု အမည်ရသော ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များကို အဆိုပါ မြို့များတွင် ကျင်းပမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ ယိုကိုဟားမား မြို့တွင် ကျင်းပသော ယဉ်ကျေးမှုဝန်ကြီးများ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံ ယဉ်ကျေးမှုရေးရာဝန်ကြီး ဟာကူသန်ရှီမိုမူရာက “ကျွန်တော့်အနေနဲ့ ဒီသုံးနိုင်ငံရဲ့ ရှိခဲ့တဲ့ ပြဿနာတွေကို ယဉ်ကျေးမှုရဲ့ စွမ်းအားနဲပ ဖြေရှင်းနိုင်ဖို့ ပိုမိုဆောင်ရွက်ချင်ပါတယ်” ဟု ပြောကြားခဲ့သည်။ ၄င်း၏ ရည်ရွယ်ချက်မှာ တောင်ကိုရီးယားတွင် ၂၀၁၈ ခုနှစ်၌ ကျင်းပမည့် ဆောင်းရာသီ အိုလံပစ်ပွဲတော် နှင့် ဂျပန်နိုင်ငံ တိုကျိုတွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် နွေရာသီ အိုလံပစ် အားကစားပွဲတော်တို့၌ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်များ တိုးမြှင့်လုပ်ဆောင်ရန်ဖြစ်သည်။ ယခုနှစ်တွင် စတင်ကျင်းပသော အရှေ့အာရှ ယဉ်ကျေးမှုမြို့တော် အစီအစဉ်ကို ဂျပန်နိုင်ငံ ယိုကိုဟားမား၊ တရုတ်နိုင်ငံ ချင်းတောက်၊ တောင်ကိုရီးယားနိုင်ငံ ချွန်ဂျူတို့တွင် ပန်းချီ၊ တေးဂီတနှင့် အကပြိုင်ပွဲများဖြင့် ကျင်းပသွားရန် စီစဉ်ထားသည်။

No comments:

Post a Comment

back to top