ဂရိသမ္မတ ရွေးကောက်ပွဲ လာမည့်သီတင်းပတ်တွင် ပြုလုပ်မည်
နိုင်ငံရေး မတည်ငြိမ်မှုကို အသုံးသတ်ရန်အတွက် ဂရိအစိုးရသည် သမ္မတရွေးကောက်ပွဲကို လာမည့် သီတင်းပတ်တွင် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တင်္လာနေ့က ကြေညာခဲ့သည်။
ဂရိဝန်ကြီးချုပ်အန်တိုနီးစ်ဆာမရက်စ် ဒုတိယ၀န်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး အီဗန်ဂီလော့စ် ဗန်ဇီးလော့စ် တို့သည် ရာထူးမှအနားယူတော့မည့် သမ္မတကာဂိုလို့စ်ပါပူလီယာ့စ်နေရာတွင် သမ္မတသစ် ခန့်အပ်ရန် ၎င်းတို့၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ညီလာခံတွင် မဲခွဲဆုံးဖြတ်ရန် တိုင်ပင်ခဲ့ကြကြောင်း အစိုးရပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က တနင်္လာနေ့တွင် ထုတ်ပြန်ချက်တစ်စောင်၌ ပြောခဲ့သည်။
အာဏာညွှန့်ပေါင်း မဟာမိတ်အဖွဲ့နှစ်ဖွဲ့သည် ရွေးကောက်ပွဲကို ပြုလုပ်ရန် တရားဝင် အဆိုပြုချက်တစ်ခုကို ပါလီမန်ဥက္ကဋ္ဌ ဗန်ဂီလီစ် မေ့မရာကီးစ်သို့ တင်သွင်းခဲ့သည်။ ပထမအကျောင့်မဲပေးမှုကို ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။
အသက် ၈၅ နှစ်ရှိပြီဖြစ်သော လက်ရှိသမ္မတ ပါပူလီယာ့စ်၏ သမ္မတသက်တမ်းသည် မတ်က အစောပိုင်း ကတည်းက ကုန်ဆုံးခဲ့ပြီဖြစ်သည်။ ဂရိဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတရွေးကောက်ပွဲကို ၎င်းအနား မယူမီ တစ်လစောပြီး ပြုလုပ်ရမည်ဟု ပါရှိသည်။
ထို့ကြောင့် သမ္မတရွေးကောက်ပွဲရက်ကို ကြေညာပြီးနောက် ဂရိအစိုးရသည် ဇန်န၀ါရီလအစောပိုင်းတွင် ကြွေးရှင်များနှင့် နိုင်ငံရေး တည်ငြိမ်မှု ရရှိရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများ ရရှိရန် ရည်ရွယ်ထားကြောင်း အစိုးရပြောရေးဆိုခွင့် ရှိသူကေ ပြာကြားခဲ့သည်။
ဂရိဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဂရိသမ္မတ ရွေးကောက်ရာတွင် အမတ် ၃၀၀ ရှိသော ညီလာခံတွင် အများစု ထောက်ခံမဲ အနည်းဆုံး ၁၈၀ ရရှိမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment