မန္တလေးမြို့အနီး အမရပူတွင် ကျောက်စိမ်း မြို့တော်တစ်ခု တည်ဆောက်မည်
မန္တလေးမြို့အနီး အမရပူရရှိ ကျောက်စိမ်း စေတီတော်ကြီး အနီးတွင် ကျောက်စိမ်း ဥယျာဉ်၊ ကျောက်စိမ်း ဈေးများ ပါဝင်သော ကျောက်စိမ်း မြို့တော် တစ်ခု တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။''မန္တလေးကို ရောက်လာတဲ့ ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ဖို့အတွက် မန္တလေးမြို့ အနီးမှာရှိတဲ့ အမရပူရမြို့နယ်ထဲက ကျောက်စိမ်း စေတီတော်ကြီးနားမှာ ကျောက်စိမ်းဥယျာဉ် တစ်ခုတည်ဆောက် ဖို့ရှိတယ်။ အခု အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကျပါပြီ။ မြန်မာနိုင်ငံမှာ အကြီးဆုံး ကျောက်စိမ်း ဥယျာဉ်ဖြစ် ပါတယ်။ မြန်မာနိုင်ငံမှာ အကြီးဆုံး ကျောက်စိမ်းဈေးကိုပါ တစ်ပါတည်း တည်ဆောက်မှာပါ။ မြန်မာ နိုင်ငံရဲ့ တစ်ခုတည်းသော ကျောက်စိမ်းမြို့တော်အဖြစ် တည်ထောင် သွားမယ်လို့'' လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးကျော်မြင့်က ပြောသည်။
'အခု မန္တလေးမြို့ထဲက ကျောက်စိမ်းဝိုင်းကို အမရပူရဘက်ကို ပြောင်းရွှေ့ရမယ်လို့ သတင်းထွေ ထွက်နေတယ်။ ဘာမှ မလုပ်ရသေးပါဘူး။ မန္တလေးကျောက်စိမ်း ဈေးကွက်က မြန်မာနိုင်ငံမှာ အကြီးဆုံး ပါ။ ဈေးကွက်က လည်း နေ့တိုင်းရှိတယ်။ နေပြည်တော်က ပွဲတော်အချိန်ပဲ ကျောက်စိမ်း ရောင်းချရတာ''ဟု မန္တလေး ကျောက်စိမ်း ဈေးမှ ကုန်သည် တစ်ဦးက ပြောသည်။မြန်မာနိုင်ငံ ကချင်ပြည်နယ်ထွက် ကျောက်စိမ်းများအား တရုတ်နိုင်ငံမှ အဓိက ဝယ်ယူခြင်း ဖြစ်ပြီး အိမ် အလှဆင်ခြင်း၊ အသုံးအဆောင် ပစ္စည်းများ ပြုလုပ်ခြင်း၊ ကိုးကွယ်မှု ဆိုင်ရာပစ္စည်းများ ပြုလုပ်ခြင်းတို့တွင် အသုံးပြုကြောင်း သိရသည်။ကျောက်စိမ်း၏ တရားဝင်ဈေးကွက်မှာ မန္တလေး ကျောက်စိမ်းဈေး၊ နေပြည်တော် ကျောက်မျက် ဈေးပွဲ တော်နှင့် ရန်ကုန် ကျောက်မျက်ပွဲတို့ ဖြစ်ကြောင်း သိရသည်။

No comments:
Post a Comment