Thursday, December 11, 2014

ချန်ပီယံဆီဗီလာ နောက်တစ်ဆင့်တက်ရန် ကြိုးပမ်းရမည့် ယူရိုပါလိဂ်ပွဲ စဉ်များ
ယူရိုပါလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်များ ယနေ့ည ကစားမည်ဖြစ်ရာ လက်ရှိချန်ပီယံ ဆီဗီလာမှာ နောက်တစ်ဆင့်တက်ရေး ကြိုးပမ်းရမည့် ၁၈ သင်းတွင် ပါဝင်သည်။ ၁၀ သင်းအတွက် ရှုံး ထွက်အဆင့် တက်ရန် နေရာရှိသေးသည်။ ဆီဗီလာမှာ နောက်တစ်ဆင့် တက်ရန် တစ်မှတ်လိုနေပြီး ခရိုအေးရှားအသင်း ရီဂျီကာနှင့် အိမ်ကွင်းပွဲ ကစားရမည် ဖြစ်သည်။
အုပ်စု(A)တွင် မိုချန်က အမှတ်အများဆုံး ကိုးမှတ်ဖြင့် ဦးဆောင်နေသော်လည်း ဗီလာရီးရဲလ် (ရှစ်မှတ်)နှင့် ဇူးရစ် (ခုနစ်မှတ်)တို့က ကပ်လိုက်နေသည်။ မိုချန်က ဇူးရစ်ကို အိမ်ကွင်း၌ ကစားရမည် ဖြစ်ကာ ဗီလာရီးရဲလ်က သုံးမှတ်ရ လီမက်ဆိုကွင်းတွင် သွားကစားရမည်။
အုပ်စု(B)တွင် ဘရပ်အသင်းက ကိုးမှတ်ဖြင့် ဟယ်ဆင်ကီး (ခြောက်မှတ်)ကို အိမ်ကွင်းပွဲ ကစားရမည်ဖြစ်ကာ တိုရီနို (ရှစ်မှတ်)က အဝေးကွင်းတွင် ကိုဘင်ဟန်(လေးမှတ်)နှင့် တွေ့ဆုံနေ သည်။ တိုရီနိုနိုင်လျှင် နောက်တစ်ဆင့်သို့ တက်မည်ဖြစ်သည်။
အုပ်စု(H)မှ ဝုဖ်ဘတ်မှာ လိုင်လီနှင့် အဝေးကွင်း ကစားရန်ရှိပြီး တစ်မှတ်ရလျှင် နောက်တစ်ဆင့် တက်မည်ဖြစ်သည်။ အဲဗာတန်၊ အင်တာမီလန်၊ ဖီအိုရင်တီးနား၊ စပါး၊ နာပိုလီ၊ ဘက်ဆစ်တက် စသည့်အသင်းများ နောက်တစ်ဆင့်တက်ရန် သေချာနေပြီ ဖြစ်သည်။

No comments:

Post a Comment

back to top