Tuesday, December 16, 2014

နုတ်ထွက်သွားသောနည်းပြကို ရိန်းဂျားအသင်း လစာတိုးပေး
ရိန်းဂျားအသင်း ရာဇဝင်တွင် အဆိုးရွားဆုံးအချိန်၌ တာဝန်ယူခဲ့သည့် နည်းပြအလီမက်ကွိုင်းစ်သည် ရာထူးမှနုတ်ထွက် လိုက်ပြီ ဖြစ်သော်လည်း ရာထူးမှ နုတ်ထွက်ရန် အသိပေးထားသည့် ၁၂ လတာ ကာလအတွင်း အသင်းက လစာတိုးမြှင့်ပေးမည် ဖြစ်သည်။
Description: http://www.usdp.org.mm/images/stories/Sport/mccoist.jpg
မက်ကွိုင်းစ်(၅၂)နှစ်သည် ရိန်းဂျားအသင်းကို ၂၀၁၁ ခုနှစ်မှစ၍ တာဝန်ယူခဲ့သည်။ ၂၀၁၂ ခုနှစ်အတွင်း ဘဏ္ဍာရေး အခက်အခဲ များကြောင့် စတုတ္ထတန်းသို့ ဆင်းသွားရသည့် ရိန်းဂျားအသင်းကို မက်ကွိုင်းစ်က ဒုတိယတန်းသို့ ပြန်ရောက်အောင် စွမ်းဆောင် ခဲ့သည်။ နည်းပြရာထူးမှ ၎င်းနုတ်ထွက်သွားပြီ ဖြစ်ကြောင်း ရိန်းဂျားအသင်းက အတည်ပြုသော်လည်း နုတ်ထွက်ရန် အသိပေးထားသည့် ၁၂ လတာ ကာလအတွင်း တစ်နှစ် လုပ်ခ ပေါင် ၇၅၀,၀၀၀ ပေးသွားမည်ဟု ရိန်းဂျားအသင်းက ကြေညာသည်။ 
စကော့တလန်လိဂ်ဖလားကို (၅၄) ကြိမ်မြောက်ရပြီး တစ်နှစ်အကြာ ၂၀၁၂ ခုနှစ်အတွင်း ရိန်းဂျားအသင်း တန်းမဆင်းမီအထိ ၁၈၇၂ ခုနှစ်က တည်ထောင်ခဲ့သည့် ရိန်းဂျားမှာ တစ်ခါမှ တန်းမဆင်းဖူးခဲ့ပေ။ စကော့တလန်ချန်ပီယံရှစ် (ဒုတိယတန်း)တွင် ရိန်းဂျားအသင်းမှာ အမှတ်ပေးဇယား ထိပ်ဆုံးမှ ဟတ်စ်အသင်းအောက် ကိုးမှတ်လျော့နေသည်။ 

No comments:

Post a Comment

back to top