ဘီဘီစီ၏ချီးမြှင့်သည့် အကောင်းဆုံးဘောလုံးသမားဆု စီရော်နယ်ဒိုရရှိ
ရီးရဲမက်ဒရစ်နှင့်
ပေါ်တူဂီ တောင်ပံတိုက်စစ်မှူး စီရော်နယ်ဒိုအား ဘီဘီစီ၏ ၂၀၁၄ Overseas Sports
Personality ဆု ချီးမြှင့် လိုက်သည်။ အသက် ၂၉ နှစ်ရှိ မန်ယူကစားသမားဟောင်း
စီရော်နယ်ဒိုသည် လွန်ခဲ့သော ၁၁ လက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု
ဆွတ်ခူးခဲ့သူလည်း ဖြစ်သည်။ ''ယခုလို အင်္ဂလန်ပရိသတ်တွေက ကျွန်တော့်ကို အကောင်းဆုံး
ဘောလုံးသမားလို့ သတ်မှတ် ပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ရှိပါတယ်''ဟု စီရော်နယ်ဒိုက ဆိုသည်။

စီရော်နယ်ဒိုသည်
ရီးရဲမက်ဒရစ်အသင်းအတွက် ပွဲပေါင်း ၂၆၇ ပွဲတွင် ၂၈၁ ဂိုး သွင်းယူထားသူဖြစ်သည်။ ၎င်းသည်
အဆိုပါဆုကို တင်းနစ်အကျော် ဆီရီနာဝီလျံ၊ လက်ဝှေ့သမား ဖလွိုက်မေဝဲသာနှင့်
ပြိုင်ကားမောင်းသူ မတ်မားကွတ်ဇ်တို့နှင့်အတူ ဆွတ်ခူး ခဲ့ခြင်းဖြစ်သည်။
စီရော်နယ်ဒိုသည် ရီးရဲမက်ဒရစ်အတွက် ဟက်ထရစ်ဂိုး ၂၇ ကြိမ် သွင်းထားသူ ဖြစ်သည်။
ပြီးခဲ့သောရာသီ ချန်ပီယံလိဂ်တွင် ၁၇ ဂိုး သွင်းယူခဲ့ရာ ယခင်က
ဂျို့စ်အက်တလက်နီနှင့် မက်ဆီတို့တင်ထားသော ၁၄ ဂိုး ချန်ပီယံလိဂ်စံချိန်ကို
ချိုးနိုင် ခဲ့သည်။ ဘီဘီစီ အကောင်းဆုံး ဘောလုံးသမားဆုကို စီရော်နယ်ဒိုအနေဖြင့်
ဒုတိယအကြိမ် ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ဒုတိယအကြိမ် ဆွတ်ခူးနိုင်မှုမှာ
ဘရာဇီးလ်တိုက်စစ်မှူး ရော်နယ်ဒို ၂ဝဝ၂ ခုနှစ်က ဆွတ်ခူးခဲ့ပြီးနောက်
ပထမဆုံးဖြစ်သည်ဟု ဆိုသည်။
ရော်နယ်ဒိုအပြီး စီရော်နယ်ဒို တစ်ဦးသာ ဒုတိယအကြိမ် ဆွတ်ခူးခဲ့ဖူးသည်ဟု ဆိုသည်။
စီရော်နယ်ဒိုသည် ယခုနှစ်အတွက် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆုအတွက် ဆန်ခါတင်
သုံးဦးအနက် တစ်ဦးအပါအဝင်ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူးရန်လည်း
ရေပန်းစားလျက်ရှိသည်။
ရီးရဲမက်ဒရစ်နှင့် ပေါ်တူဂီ တောင်ပံတိုက်စစ်မှူး စီရော်နယ်ဒိုအား ဘီဘီစီ၏ ၂၀၁၄ Overseas Sports Personality ဆု ချီးမြှင့် လိုက်သည်။ အသက် ၂၉ နှစ်ရှိ မန်ယူကစားသမားဟောင်း စီရော်နယ်ဒိုသည် လွန်ခဲ့သော ၁၁ လက ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဆွတ်ခူးခဲ့သူလည်း ဖြစ်သည်။ ''ယခုလို အင်္ဂလန်ပရိသတ်တွေက ကျွန်တော့်ကို အကောင်းဆုံး ဘောလုံးသမားလို့ သတ်မှတ် ပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ရှိပါတယ်''ဟု စီရော်နယ်ဒိုက ဆိုသည်။

No comments:
Post a Comment