ခရီးသည်တင် ဘတ်စ်ကား လိုင်းများကို အများပိုင် ပြုလုပ်မည်
ရန်ကုန်မြို့အတွင်း ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းနိုင်ရန် ခရီးသည်တင် ဘတ်စ်ကား လိုင်းများကို ပုဂ္ဂလိက ပိုင် စနစ်မှ အများပိုင် စနစ်သို့ ပြောင်းလဲသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ အကြံပေး ဒေါက်တာ မောင်မောင်အောင်က ပြောသည်။
ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ အသင်း အဖွဲ့များ စုပေါင်း၍ ဆွေးနွေး မှုများ မကြာခဏ ပြုလုပ်လျက်ရှိရာ နိုင်ငံတကာ၌ ယာဉ်ကြောပိတ်ဆို့မှုကို အဓိက ဖြေရှင်းနိုင်မည့် နည်းများအတိုင်း ခရီးသည် တင် ဘတ်စ်ကား လိုင်းများကို အများပိုင်အဖြစ် ပြုလုပ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။ ''ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းဖို့ ဘတ်စ်ကား စနစ်တွေကို အရင်ဆုံး ပြောင်းရမယ်။ တစ်ဦးပိုင်ကနေ အများပိုင်စနစ်ကို ပြောင်းရမယ်။ လက်ရှိ ကျင့်သုံးနေတဲ့ စနစ်ကြောင့် ယာဉ်မောင်းတွေ ကလည်း အုံနာကြေးရှိတဲ့ အတွက် လုပြီး မောင်းကြတယ်။ အဲဒီ အတွက် ယာဉ်ကြော ပိတ်ဆို့မှု သာမက ခရီးသည်တွေ အတွက်လည်း အန္တရာယ် ရှိတယ်'' ဟု ၎င်းက ဆက်လက် ပြောသည်။ ဘတ်စ် ကား စနစ်ကို အများပိုင် အဖြစ် ပြောင်းလဲပါက ယာဉ်ပိုင်ရှင်များကို ရှယ်ယာများဖြင့် ခွဲဝေပေး သွားမည် ဖြစ်ပြီး ယာဉ်လုပ် သားများ ကိုလည်း မိသားစု ဖူလုံစေမည့် လစာစနစ်ဖြင့် ခန့်အပ် သွားရန် စီစဉ် ထားကြောင်း သိရသည်။
No comments:
Post a Comment