Thursday, December 4, 2014

ကျန်းမာရေး အာမခံ စမ်းသပ်ကာလ တစ်နှစ် စတင်တော့မည်

ကျန်းမာရေး အာမခံများကို စမ်းသပ်ကာလ တစ်နှစ် သတ်မှတ်ပြီး စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း ဒီဇင်ဘာ (၁)ရက် နံနက်(၁၀)နာရီက မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်) မှာ ပြုလုပ်ခဲ့တဲ့ ကျန်းမာရေး အာမခံ ဖော်ဆောင် ရေး လုပ်ငန်း အဖွဲ့ အစည်းအဝေးမှ သိရသည်။
ကျန်းမာရေး အာမခံ တစ်ယူနစ် အတွက် ကျသင့်ပရီမီယံကြေးမှာ တစ်နှစ်အတွက် ကျပ်ငါးသောင်း ဖြစ်ကြောင်း ခံစားခွင့် အနေနဲ့ ဆေးရုံ တက်ခြင်းကြောင့် ဆေးကုသစရိတ်ကို တစ်ရက်ကို တစ်သောင်းခွဲ နှုန်းနဲ့ ရက်ပေါင်း(၃၀) ခံစားခွင့်ရှိကြောင်း သိရပါတယ်။ မတော်တဆ ထိခိုက်မှုအတွက် သေဆုံးခြင်းကို ကျပ်(၁၀)သိန်းထိ အများဆုံး ခံစားခွင့်ရမယ်လို့ သိရပါတယ်။ ကျန်းမာရေးအာမခံကို အနည်းဆုံး တစ်ယူနစ် မှ အများဆုံး ငါးယူနစ်အထိ ဝယ်ယူနိုင်ပြီး ဝယ်ယူတဲ့ ယူနစ်အလိုက် ခံစားခွင့် ပိုမိုရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ အာမခံကုမ္ပဏီ တွေက (၂၀၁၅)ခုနှစ်အတွင်း ရောင်းချနိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top