တေးလာဆွစ်ဖ်၏ 1989 ကမ္ဘာလှည့် ဖျော်ဖြေပွဲအား သြစတြေးလျနိုင်ငံ တွင် ကျင်းပမည်
ပေါ့ပ်ငွေကြယ်ပွင့် တေးလာဆွစ်ဖ်၏ ၁၉၈၉ ကမ္ဘာလှည့် ဖျော်ဖြေပွဲအား သြစတြေးလျနိုင်ငံ၌ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ တေးလာဆွစ်ဖ်၏ ကမ္ဘာလှည့် ဖျော်ဖြေပွဲကို ဘရစ္စဘိန်း၊ ဆစ်ဒနီ၊ အက်ဒယ်လိတ်နှင့် မဲလ်ဘုန်း စသည့် မြို့များတွင် ကျင်းပသွားမည် ဖြစ်ကြောင်း Frontier Touring ကုမ္ပဏီက ကြေညာခဲ့သည်။ သြစတြေးလျ နိုင်ငံသည် တေးလာဆွစ်ဖ် အတွက် အောင်မြင်မှု များစွာကို သိမ်းပိုက်နိုင်ခဲ့သည့် နိုင်ငံ ဖြစ်သည်။
နောက်ဆုံး ထွက်ရှိထားသော 1989 တေးအယ်လ်ဘမ်သည် သြစတြေးလျ နိုင်ငံ၏ ARIA Albums စာရင်းတွင် နံပါတ် ၁ နေရာကို ရရှိခဲ့သည်။ တေးလာသည် ၂ဝ၁၃ ခုနှစ်က ယင်းနိုင်ငံတွင် Red ကမ္ဘာလှည့် ဖျော်ဖြေပွဲကို ကျင်းပခဲ့ပြီး ပေါ့ပ်ဘုရင်မ မက်ဒေါနားပြီးသည့် နောက်တွင် သူမသည် သြစတြေးလျ နိုင်ငံ၌ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပခဲ့သည့် အမျိုးသမီး တေးသံရှင် ဖြစ်လာခဲ့သည်။ တေးလာ၏ သြစတြေးလျ ဖျော်ဖြေပွဲ လက်မှတ်များအား ဒီဇင်ဘာ ၁၂ ရက်မှ စတင်ကာ Frontiertouring.com/taylorswift ဝက်ဘ်ဆိုက်၌ ကြိုတင် ဝယ်ယူနိုင်ပြီ ဖြစ်သည်။ တေးလာ၏ 1989 ကမ္ဘာလှည့် ဖျော်ဖြေပွဲအား လာမည့်နှစ် မေလတွင် ဂျပန်နိုင်ငံ၌ စတင် ကျင်းပသွားမည် ဖြစ်ပြီး နိုင်ငံ ရှစ်နိုင်ငံရှိ မြို့ကြီးများတွင် ဖျော်ဖြေပွဲ ပေါင်း ၆၃ ပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment