Tuesday, December 2, 2014

နေတိုး ကမ်းလှမ်းလို့ ရုပ်ရှင်ရိုက်မယ့် ရတနာမိုင်


နေတိုး၏ ကမ်းလှမ်းမှုကြောင့် ရုပ်ရှင်ကားကြီးတစ်ကားတွင် အဆိုတော်ဇာတ်ရုပ်ဖြင့် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရတနာမိုင်ကပြောသည်။ ‘‘ရိုက်မယ့်ရက်တော့ အတိအကျတော့ မသိရသေးဘူး။ ကာရိုက်တာကတော့ အပြင် Lifeအတိုင်း အဆိုတော်ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ရမှာပါ’’ဟု ရတနာမိုင်ကပြောသည်။  ပထမဆုံး ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခြင်း ဖြစ်သောကြောင့် ရင်ခုန်နေသကဲ့သို့ အ၀တ်အစားနှင့်ပတ်သက်၍ ပြင်ဆင်နေကြောင်း ၎င်းကပြောသည်။
ဂီတလှုပ်ရှားမှုအနေဖြင့် မကြာမီက ထွက်ရှိထားသော ‘ဂွတ်နိုက်ချစ်သူ’ ဒီဗီဒီပရိုမိုးရှင်းပွဲများကို နယ်မြို့များတွင် ပြုလုပ်ဖြစ်ပြီး ဖျော်ဖြေရေးခရီးများလည်း သွားရန် အစီအစဉ်ရှိကြောင်း ရတနာမိုင်က ပြောသည်။ ‘‘ဒီဇင်ဘာလထဲမှာ ဘန်ကောက်သွားပြီး သီချင်းဆိုဖို့ရှိ တယ်။ မန္တလေးမှာလည်းဆိုဖို့ရှိ တယ်။ နောက်ပြီး ကိုအောင်လရဲ့ ဗီစီဒီတစ်ပုဒ်ရိုက်ပေးဖို့အစီအစဉ် ရှိပါတယ်’’ဟု ၎င်းကပြောသည်။
ထို့အပြင် ဒီဇင်ဘာ ၁ရက် နှင့် ၂ရက်တွင် ပြုလုပ်မည့်အနုပ ညာရှင်များပါဝင်ဖွဲ့စည်းထား သော We Love Myanmar ပရဟိတအဖွဲ့မှ အနုပညာရှင်များကိုယ်တိုင် အိမ်တိုင်ရာရောက် လိုက်၍အလှူခံမည့်အစီအစဉ်တွင်လည်း ပါဝင်သွားမည်ဟု ရတနာမိုင်ကပြောသည်။

No comments:

Post a Comment

back to top