Tuesday, December 2, 2014

Spy ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်မယ့်


တောင်ကိုရီးယား နိုင်ငံမှာ အောင်မြင်ကျော်ကြား လူကြိုက်များနေတဲ့ အဆိုတော်၊ မင်းသား Jaejoong ဟာ KBS2 TV ဒရမ်မာ ဖြစ်တဲ့ Spy ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်မယ်လို့ သိရပါတယ်။ ခပ်အေးအေး နေထိုင် တတ်တဲ့ စရိုက်ရှိပြီး ပါရမီရှင် Spy ဇာတ်ကောင် Sung Woo အဖြစ် Jaejoong က သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
မင်းသမီးကြီး Bae Jong Ok ကတော့ Jaejoong ရဲ့ မိခင် တစ်ယောက် နေရာမှာ သရုပ်ဆောင်မှာ ဖြစ်ပြီး ယခင်က Spy တစ်ယောက် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ အဖြစ်နဲ့လည်း သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားကို ၂ဝ၁၅  ခုနှစ် ဇန်နဝါရီလမှာ KBS2 ၂ ရုပ်သံ လိုင်းကနေ စတင် ပြသမယ်လို့ သိရပါတယ်။ Jaejoong ဟာ JYJ Boy Band မှ အဖွဲ့ဝင် အဆိုတော် တစ်ဦးဖြစ်ပြီး သရုပ်ဆောင် လောကမှာလည်း အောင်မြင်မှု ရရှိထားသူ တစ်ယောက် ဖြစ်ပါတယ်။

No comments:

Post a Comment

back to top