Grils' Generation အဖွဲ့မှ ထွက်ခွာပြီး မကာအိုမှာ ပထမဆုံး ဖျော်ဖြေပွဲလုပ်တဲ့ ဂျက်ဆီကာ
တာင်ကိုရီးယား မိန်းကလေးအဆိုရှင်များအဖွဲ့ Girls' Generation အဖွဲ့ဝင်ဟောင်း ဂျက်ဆီကာသည် ယင်းကေပေါ့ပ်အဖွဲ့မှ ထွက်ခွာပြီးနောက် တရုတ်နိုင်ငံ မကာအိုမြို့၌ ပထမဆုံးအကြိမ် ဖျော်ဖြေမှုပြုလုပ်ခဲ့သည်။
ဂျက်ဆီကာသည် မကာအိုမြို့ The Venetian Macao ဟို တယ်၌ အမေရိကန်ဟစ်ဟော့ပ် အဆိုတော် ဂျာရူးလ်နှင့် စုံတွဲသီ ဆိုဖျော်ဖြေခဲ့ကြောင်းကို နိုဝင် ဘာ ၃၀ ရက်တွင် ၎င်း၏ Weibo လူမှုမီဒီယာ စာမျက်နှာ၌ ဖော်ပြခဲ့သည်။
ဂျက်ဆီကာသည် ဂျာရူးလ်နှင့် စုံတွဲဖျော်ဖြေကြောင်း ရိုက်ကူးထားသည့် ဓာတ်ပုံအပြင် ယင်းဟိုတယ် အရာရှိတစ်ဦးဖြစ်သော ရက်ဂီမာတင်ဓာတ်ပုံနှင့် ကမ္ဘာ ကျော်လက်ဝှေ့သမား ပက်ကွီအို ၏ လက်ဝှေ့ပြိုင်ပွဲကို ကြည့်ခဲ့ကြောင်း ရိုက်ကူးထားသည့် ဓာတ်ပုံများကိုလည်း Weibo စာမျက်နှာ၌ ဖော်ပြခဲ့သည်။
ကေပေါ့ပ်စတား ဂျက်ဆီကာသည် Girls' Gen-eration အဖွဲ့မှ ထွက်ခွာခဲ့ပြီးနောက် ၎င်း၏ ဖက်ရှင်လုပ်ငန်း BLANC & ECLARE ကိုသာ အဓိကအာရုံစိုက် လုပ်ကိုင်လျက်ရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် မကာအိုမြို့၌ ဖျော်ဖြေတင်ဆက်မှုမှာ ကေပေါ့ပ်အဖွဲ့မှ ထွက်ခွာပြီး နောက် ဂျက်ဆီကာ၏ ပထမဆုံးအကြိမ် တစ်ကိုယ်တော်ဖျော်ဖြေတင်ဆက်မှုဖြစ်သည်။
No comments:
Post a Comment