Wednesday, December 10, 2014

ကမ္ဘာ့အမွေအနှစ်ဝင် ပျူမြို့ဟောင်းများတွင် ကမ္ဘာ့ အမွေအနှစ် အမှတ်တံဆိပ်များ စိုက်ထူ

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းများဖြစ်ကြသည့် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း မြို့ဟောင်း များတွင် ကမ္ဘာ့အမွေအနှစ် အမှတ်တံဆိပ် စိုက်ထူခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၉ ရက် နံနက်က သရေခေတ္တရာမြို့ဟောင်းတွင် စိုက်ထူခဲ့ပြီး ညနေ၌ ဗိဿနိုးမြို့ ဟောင်းတွင် စိုက်ထူဖွင့်လှစ် ခဲ့သည်။ ဒီဇင်ဘာ ၁၀ ရက်၌ ဟန်လင်းမြို့ဟောင်းတွင် ကမ္ဘာ့အမွေအနှစ် အမှတ်တံဆိပ် စိုက်ထူပွဲ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ် အသိအမှတ်ပြုခံထားရ သော မြို့ဟောင်းများရေရှည် တည်တန့်ရန်၊ တန်ဖိုးထားရန် ဒေသခံပြည်သူများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ လက်တွဲကာ ပူးပေါင်းဆောင်ရွက် သွားရန် လိုပြီး ကမ္ဘာ့အမွေအနှစ်ဒေသများရှိ  စီမံဆောင်ရွက်မှုများ၊ ယဉ်ကျေး မှုအမွေအနှစ်များနှင့် သက်ဆိုင် သော စနစ်တကျ စစ်တမ်း ကောက်ယူပြီး ၂၀၁၅ ဒီဇင်ဘာတွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ် ညီလာခံသို့ တင်ပြသွားရမည် ဖြစ်သည်။
ကမ္ဘာ့အမွေအနှစ် အမှတ်တံ ဆိပ်စိုက်ထူပွဲသို့ သမ္မတရုံးပြည် ထောင်စုဝန်ကြီး ဦးလှထွန်း၊ ပဲခူးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးဉာဏ်ထွန်း၊ ယဉ်ကျေးမှုဒုဝန် ကြီး ဒေါ်စန္ဒာခင်နှင့် ပြည်ခရိုင်အ တွင်းရှိ ဌာနဆိုင် ရာများ၊ လူမှုအ ဖွဲ့အစည်းများ တက်ရောက်ခဲ့ကြ သည်။ သရေခေတ္တရာမြို့ဟောင်း နဂါးတွန့်တံခါး ၀င် ပေါက် တွင် လည်းကောင်း၊ ဗိဿနိုးမြို့ ဟောင်းအ၀င် မုခ်ဦးတွင်လည်း ကောင်း၊ ဟန်လင်းမြို့ဟောင်းကုန်း အမှတ် (၁၇) မြို့ရိုးတွင်  လည်းကောင်း ကမ္ဘာ့အမွေအနှစ် အမှတ်တံဆိပ်များ စိုက်ထူခဲ့ကြောင်း သိရသည်

No comments:

Post a Comment

back to top