အာဆီယံ မသန်စွမ်း အနုပညာ ဖျော်ဖြေပွဲ အခမဲ့ ကြည့်ရှုနိုင်ရန် လက်မှတ်စောင်ရေ ၁၂ဝဝဝ ဖြန့်ဝေမည်
မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပမည့် အာဆီယံ မသန်စွမ်းသူများ အနုပညာ ပွဲတော်၌ ဖျော်ဖြေရေး အစီ အစဉ်များကို အခမဲ့ ကြည့်ရှုနိုင် ရန် လက်မှတ်စောင်ရေ ၁၂ဝဝဝ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်း သူများ ရှေ့ဆောင်အဖွဲ့မှ Operation Director ဦးအောင်ကိုမြင့်က ပြောသည်။
အဆိုပါ ဖျော်ဖြေပွဲကို နေပြည်တော် MICC II ၌ ယနေ့တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပြီး ရန်ကုန်မြို့ မြို့မကွင်း (မိုင်ဒါကွင်း)၌ ဒီဇင်ဘာ ၅ ရက်မှ ၇ ရက် အထိ ညနေ ၃ နာရီမှ ည ၁၁ နာရီ အထိ ကျင်းပမည်ဖြစ်ပြီး အခမဲ့ ကြည့်ရှုနိုင်ရန် လက်မှတ်များကို ရန်ကုန်မြို့ရှိ စူပါမားကက် များ နှင့် ဈေးဝယ်စင်တာများ၌ ဖြန့်ဝေပေး သွားမည် ဖြစ်ကာ ရန်ကုန်မြို့နှင့်ဝေးသော နေရာများသို့ ကားဖြင့် လိုက်လံ၍ ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်း ဖျော်ဖြေပွဲကို ညနေ ၃ နာရီမှ ညနေ ၆ နာရီ အထိ မြန်မာနိုင်ငံနှင့် အာဆီယံ နိုင်ငံများမှ မသန်စွမ်းသူများ၏ ကိုယ်တိုင် ပြုလုပ်ဖန်တီးထားသည့် လက်မှုပညာများကို ပြသ ရောင်းချသွားမည် ဖြစ်သည်။ ထို့အပြင် ညနေ ၆ နာရီမှ ည ၁၁ နာရီ အထိ မသန်စွမ်းသူများနှင့် နိုင်ငံကျော် အနုပညာရှင် များ၏ ပူးပေါင်း ဖျော်ဖြေ တင်ဆက်မှုများကို ပြသမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment