ချယ်လ်ဆီး၊ မန်စီးတီး နိုင်ပွဲရသလို မန်ယူခြောက်ပွဲဆက်နိုင်
ယမန်နေ့ညက ကစားခဲ့သော
မန်ယူနှင့် လီဗာပူးပွဲတွင် မန်ယူက သုံးဂိုးပြတ်ဖြင့် မဟာပြိုင်ဘက် လီဗာပူးကို
အနိုင်ယူခဲ့သည်။ ယင်းမှာ မန်ယူ၏ ခြောက်ပွဲဆက်တိုက် နိုင်ပွဲဖြစ်ပြီး ပြိုင်ဘက်နှစ်သင်း၏
ကံကြမ္မာ အလှည့်အပြောင်းကို ထင်ဟပ်နေသည်။

ဝိန်းရွန်းနေနှင့်
မာတာတို့က ပထမပိုင်းမှာပင် မန်ယူအတွက် ဂိုးများသွင်းယူခဲ့ပြီး ဗန်ပါစီက ၇၁
မိနစ်တွင် တတိယဂိုး သွင်းယူကာ လီဗာပူးနည်းပြ ရော်ဂျာကို
ဖိအားပိုများစေခဲ့သည်။ မန်ယူသည် တတိယနေရာတွင် ဆက်လက်ရပ်တည်နေပြီး ထိပ်ဆုံးမှ
ချယ်လ်ဆီးနှင့် ရှစ်မှတ် ကွာဟနေဆဲ ဖြစ်သည်။ စနေနေ့က ကစားခဲ့သော ပွဲများတွင်
ချယ်လ်ဆီးနှင့် မန်စီးတီးက ၎င်းတို့၏ ပြိုင်ဘက် အသင်းများကို ညှာတာမှု
မပြသဘဲ နိုင်ပွဲများဆက်ခဲ့သည်။
စတန်းဖို့ဒ်ဘရစ်ခ်ျတွင် ချယ်လ်ဆီးက ဆယ်ဦးကျန် ဟူးလ်စီးတီးအသင်းကို
အီဒင်ဟားဇက် နှင့် ဒီယေဂိုကော်စတာတို့၏ ဂိုးများဖြင့် အနိုင်ရပြီး ပရီးမီးယားလိဂ်
ထိပ်ဆုံးနေရာ ဆက်လက် ဆုပ်ကိုင်ထားသည်။ မန်စီးတီးက ဇယားအောက်ဆုံးမှ လက်စတာစီးတီးကို
ဖရန်းလမ်းပတ်၏ မိနစ် ၄၀ တွင် သွင်းယူသောဂိုးဖြင့် အနိုင်ယူခဲ့သည်။ နံပါတ် ၄ နေရာမှ
ဝက်စ်ဟမ်းမှာမူ ဆန်းဒါးလန်းနှင့် တစ်ဂိုးစီ သရေကျကာ တစ်မှတ်စီခွဲယူခဲ့ရသည်။
No comments:
Post a Comment