Tuesday, December 2, 2014

ဥရုဂွေးနိုင်ငံ သမ္မတရွေးကောက်ပွဲတွင်  ဘာဘာရီ ဗက်ဇ်ကွက်ဇ် က အနိုင်ရရှိ

ဥရုဂွေးနိုင်ငံတွင် နိုဝင်ဘာ ၃ဝ ရက်က ကျင်းပခဲ့သော သမ္မတ ရွေးကောက်ပွဲတွင်  ဘာဘာရီ ဗက်ဇ်ကွက်ဇ် က အနိုင်ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ရွေးကောက်ပွဲတွင် ဗက်ဇ်ကွက်ဇ်သည် ထောက်ခံမဲ အရေအတွက် ၅၂ ဒသမ ၈ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ပြီး ၎င်း၏ပြိုင်ဘက်  ဗဟိုလက်ယာယိမ်း ပါတီမှ လာကာလ်လီဗိုးမှာမူ ထောက်ခံမဲ ၄ဝ ဒသမ ၅ ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်း နိုဝင်ဘာ ၃ဝ ရက် ညက ထုတ်ပြန်သော မဲစာရင်းများအရ သိရသည်။




Broad Front အာဏာရ ပါတီမှ ခေါင်းဆောင်တစ်ဦး ဖြစ်သူ အသက် ၇၄ နှစ် အရွယ်ရှိ ဗက်ဇ်ကွက်ဇ် သည် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့်အတွက် ၎င်းပါတီအား ထောက်ခံသူ ထောင်ပေါင်းများစွာသည် မွန်တီဗီဒီယိုမြို့ရှိ လမ်းမများပေါ်တွင် ပါတီအလံများ ဝှေ့ယမ်းလျက် ဗက်ဇ်ကွက်ဇ်အား ဂုဏ်ပြုခဲ့ကြသည်ဟု သိရသည်။ ဗက်ဇ်ကွက်ဇ်သည် ၁၉၉ဝ ပြည့်နှစ် နှောင်းပိုင်းတွင် Broad Front ပါတီအတွင်း စိတ်ဝမ်းကွဲ မှုများကို ဖြေရှင်း ပေးနိုင်ခဲ့သည့် လေးစားထိုက်သူ တစ်ဦးဖြစ်ပြီး ၂ဝဝ၅ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ် အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးကြောင်း သိရသည်။
ယခုကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲတွင်လည်း ထပ်မံအနိုင်ရရှိခဲ့သည့်အတွက် နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း၊ မိမိတစ်ဦး တစ်ယောက်တည်း စွမ်းဆောင်နိုင်ခြင်း မရှိသည့် ကိစ္စရပ်များကိုလည်း နိုင်ငံသား အားလုံးနှင့် ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဗက်ဇ်ကွက်ဇ်က နိုဝင်ဘာ ၃ဝ ရက် ညတွင် ပြောကြား ခဲ့သည်။    

No comments:

Post a Comment

back to top