အော်ဒီကုမ္ပဏီမှ ရီရဲလ်မက်ဒရစ် ကစားသမားတွေကို ကားသစ် တစ်စီးစီ ပေးအပ်
နာမည်ကျော် အော်ဒီကားကုမ္ပဏီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဘာစီလိုနာအသင်းနဲ့ စပွန်ဆာပွဲတစ်ပွဲ ကျင်းပခဲ့ပြီးနောက် တနင်္လာနေ့က မက်ဒရစ်မြို့၊ ဘာနေဗျူးကွင်းမှာလည်း အလားတူ ပွဲတစ်ပွဲ ကျင်းပခဲ့ပါတယ်။
အော်ဒီကား ကုမ္ပဏီဟာ ရီးရဲလ်မက်ဒရစ်အသင်းကို စပွန်ဆာပေးထားတဲ့ ကုမ္ပဏီတစ်ခုပါ။ ဒါ့အပြင် နှစ်စဉ်နှစ်တိုင်း ရီးရဲလ်မက်ဒရစ် ကစားသမားတစ်ဦးကို မော်ဒယ်အသစ် ကားတစ်စီးစီ လက်ဆောင်ပေးလေ့လည်း ရှိပါတယ်။ တနင်္လာနေ့က စပွန်ဆာပွဲမှာ ရီးရဲလ်မက်ဒရစ် ကစားသမားတွေဟာ အော်ဒီကုမ္ပဏီထုတ် လျှပ်စစ်ကားတွေနဲ့ သူတို့ရဲ့ ကားမောင်း စွမ်းရည်ကို ပြသခဲ့ကြပါတယ်။ ဒါ့အပြင် လျှပ်စစ်စွမ်းအင် ထုတ်နိုင်မှုနှုန်းကို ဘောလုံးတော့ပြီး ပြိုင်ကြသလို စက်ဘီးနင်းပြီးလည်း ပြိုင်ခဲ့ ရပါသေးတယ်။ နောက်ဆုံး အစီအစဉ်အနေနဲ့ ကားသစ်တစ်စီးစီ ပေးရာမှာ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ရာမို့စ်က အမြန်ဆုံး ကားတွေကို ရွေးခဲ့ကြပါတယ်။ သူတို့နှစ်ယောက် ရွေးခဲ့တဲ့ အော်ဒီ S8 ကား အင်ဂျင်ဟာ မြင်းကောင်ရေအား (၅၂၀)ပြီး အမြန်ဆုံး ပြိုင်ကားစာရင်းဝင် အမျိုးအစားလည်း ဖြစ်ပါတယ်။ ရီးရဲလ်ကစားသမား အများစုကတော့ အော်ဒီ Q7 ကိုရွေးပြီး နည်းပြ အန်ဆယ်လော့တီကတော့ အော်ဒီ A8 ကားကို ရွေးခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment