မြန်မာနိုင်ငံအပါအ၀င် ၂၂ နိုင်ငံကို လူသားချင်းစာနာမှု အကူအညီများပေးရန် ကုလသမဂ္ဂက ကန်ဒေါ်လာ ၁၆ ဘီလီယံ တောင်းခံထား
လာမည့်နှစ်တွင် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၂၂ နိုင်ငံကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန် ကုလသမဂ္ဂက အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံတောင်းဆိုထားကြောင်း၊ အကူအညီ လိုအပ်နေသူ အရေအတွက်မှာ အဆိုပါ ၂၂ နိုင်ငံတွင် သန်း ၆၀ ခန့်ရှိကြောင်း သိရသည်။
အဆိုပါ အစီအစဉ်ကို ကုလသမဂ္ဂက လူသားချင်းကူညီထောက်ထားမှုဆိုင်ရာ အကြီးအကဲ ဗယ်လာရီက တင်ပြခြင်းဖြစ်ပြီး ရန်ပုံငွေရရှိရန် အမြန်လိုအပ်ကြောင်း၊ ပဋိပက္ခဒေသများတွင် ဒုက္ခသည်စာရင်းများ တိုးပွားလျက်ရှိကြောင်း ၎င်းက ပြောထားသည်။ ၂၀၁၄ ခုနှစ်အတွက် လိုအပ်သည့်ရန်ပုံငွေ ပမာဏမှာ ၁၂ ဒသမ ၉ ဘီလီယံဖြစ်ပြီး ဆီးရီးယားတစ်နိုင်ငံတည်းအတွက် ၁၈ ဒသမ ၂ သန်း လိုအပ်ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ်တွင် ပဋိပက္ခများကြောင့် ယခင်နှစ်များထက် ဒုက္ခသည်စာရင်း ပိုမိုတိုးပွား လာခဲ့ခြင်း ကြောင့် ရန်ပုံငွေများ ပိုမိုရရှိရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂက ကြေညာထားသည်။ ၂၀၁၅ ခုနှစ်တွင် ဆီးရီးယားနိုင်ငံ အတွက် ၇ ဒသမ၂ ဘီလီယံလိုအပ်မည်ဖြစ်ပြီး ယူကရိန်းနိုင်ငံအတွက် ၁၈၉ သန်း လိုအပ်မည်ဖြစ်ကြောင်း၊ အီရတ်နိုင်ငံအတွက် ၁ ဒသမ ၂ ဘီလီယံလိုအပ်မည်ဖြစ်ပြီး အာဖဂန်နစ္စတန်အတွက် ၄၀၅ သန်း လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment