ကမ္ဘာ့တစ်ဝန်း ငှက်ဖျားတိုက်ဖျက်ရေး ကြိုးပမ်းမှု အောင်မြင် လူပေါင်း လေသန်းကျော်အား အသက် ဘေးမှ ကယ်တင်နိုင်
ငှက်ဖျားရောဂါကြောင့် သေဆုံးသူအရေအတွက် နည်းပါးအောင် ကမ္ဘာတစ်ဝန်း ကြိုးပမ်းမှုများသည် တိုးတက်အောင်မြင်မှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောသည်။
၂ဝဝ၁ နှင့် ၂ဝ၁၃ ခုနှစ်အတွင်း လူပေါင်း ၄ ဒသမ ၃ သန်းကို သေဆုံးခြင်းမှ ဟန့်တားနိုင်ခဲ့ကြောင်း၊ ယင်းတို့အနက် ဆာဟာရ အာဖရိက ခွဲဒေသရှိ အသက်ငါးနှစ်အောက် ကလေး ၃ ဒသမ ၉ သန်းရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောသည်။
နှစ်စဉ် ငှက်ဖျားရောဂါကြောင့် သေဆုံးသူ နည်းပါးလာကြောင်းWHO က ပြောသည်။ ၂ဝဝ၄ ခုနှစ်က ခြင်ကိုက်မှုလျော့နည်းအောင် ဆေးစိမ်ခြင်ထောင် အသုံးပြုနိုင်သူ ၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအခါ ၅ဝ ရာခိုင်နှုန်းအထိ အသုံးပြုလာနိုင် သည်ဟုဆိုသည်။ ငှက်ဖျား ရောဂါအမြစ်ပြတ်ခြေမှုန်းနိုင်သော နိုင်ငံများလည်းတိုးလာကြောင်းWHOကပြောသည်။
၂ဝ၁၃ ခုနှစ်က အဇာဘိုင်ဂျန်နှင့် သီရိလင်္ကာနိုင်ငံတို့သည် ပထမဆုံး ငှက်ဖျားရောဂါ ကင်းစင်သောနိုင်ငံများ ဖြစ်လာခဲ့သည်ဟု ဆိုသည်။ အခြားသော ၁၁ နိုင်ငံဖြစ်သည့် အာဂျင်တီးနား၊ အာမေးနီးယား၊ အီဂျစ်၊ ဂျော်ဂျီယာ၊ အီရတ်၊ ကာဇက် စတန်၊ မော်ရိုကို၊ အိုမန်၊ ပါရာဂွေး၊ တာ(ခ်)မင်နစ္စတန်နှင့် ဥဇဘတ် ကစ္စတန်တို့လည်း ငှက်ဖျားရောဂါကို အောင်မြင်စွာ ထိန်းချုပ်လာနိုင်ပြီဟု ဆိုသည်။ ငှက်ဖျားရောဂါကြောင့် သေဆုံးမှု ၉ဝ ရာခိုင်နှုန်းသည် အာဖ ရိကမှဖြစ်ပြီး ယခုအခါသိသိသာသာ ကျဆင်းသွားပြီဟုဆိုသည်။ ရောဂါ ဖြစ်ပွားသူ အရေအတွက်မှာလည်း လေးပုံတစ်ပုံကျဆင်းသွားသည်။ ၂ဝဝဝ ပြည့်နှစ်က ရောဂါဖြစ်ပွားသူ၁၇၃သန်း ရှိခဲ့ရာမှ ၂ဝ၁၃ ခုနှစ်တွင် ၁၂၈ သန်း အထိ ကျဆင်းသွားခဲ့သည်။
No comments:
Post a Comment