နည်းပြ၀င်းဂါး၏ အမည်ကို ကွင်းအမည်ပေးသင့်ဟု ပါဂျူးဆို
စတုတ်စီးတီးကွင်းတွင် ဂိုးပြတ်ရှုံးနိမ့်မှုကြောင့် ပရိသတ်များ၏ စိတ်ဆိုးဒေါသထွက်မှုကို ခံယူခဲ့ရသော အာဆင်နယ်နည်းပြ ၀င်းဂါးမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်း၌ ဖာဂူဆန်ပြီးလျှင် ဒုတိယအကောင်းဆုံး နည်းပြဖြစ်ကြောင်း နယူးကာဆယ်နည်းပြ အလန်ပါဂျူးက ပြောကြားခဲ့သည်။
နည်းပြပါဂျူးက အာဆင်နယ်အသင်းအနေဖြင့် ၀င်းဂါးကို ဂုဏ်ပြုသည့်အနေဖြင့် လက်ရှိ အသုံးပြုနေသော အမ်းမရိတ်ကွင်းအမည်ကို အာဆင်ဝင်းဂါးအမည်သို့ ပြောင်းလဲ မှည့်ခေါ်သင့်ကြောင်းလည်း အကြံပြုခဲ့သည်။
အာဆင်နယ်သည် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ခြောက်နေရာတွင်သာ ရပ်တည် နေရသော်လည်း ချန်ပီယံလိဂ် ၁၆ သင်း အဆင့်သို့ အုပ်စု ဒုတိယနေရာဖြင့် တက်လှမ်းနိုင်ခဲ့သည်။
No comments:
Post a Comment