Monday, December 1, 2014

မန်ယူအသင်းဂိုးပြတ်နိုင်ယူပြီး ချယ်လ်ဆီးအသင်းသရေကျ

ပရီမီယာလိဂ်ပွဲစဉ် ၁၃ အဖြစ် မန်ယူနှင့် ဟားလ်စီးတီးတို့ နိုဝင်ဘာ ၂၉ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားရာ မန်ယူက သုံးဂိုး ပြတ်ဖြင့် နိုင်ခဲ့သည်။ ယင်း ပွဲတွင် စမောလင်း၊ ရွန်းနေနှင့် ဗန်ပါစီတို့က သွင်းယူခဲ့သည်။ 
ရာသီအစ ခြေစွမ်းမပြနိုင်သောဗန်ပါစီအား မေးခွန်းထုတ်စရာဖြစ်နေပြီး ယင်းပွဲတွင် အနိုင်ဂိုး တစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့သည့် အတွက် သက်သာရာ ရရှိသွားခဲ့သည်။ ရွန်းနေက ငါးပွဲတွင် ခုနစ်ဂိုးမြောက်အဖြစ် သွင်းယူခဲ့သည်။


ဆန်းဒါးလန်းအသင်းသည် ချယ်လ်ဆီးကို ဂိုးမရှိ သရေကစားနိုင်ခဲ့သည့်အတွက် ချယ်လ်ဆီး၏ ဆက်တိုက် အနိုင်ရမှုကို အဆုံးသတ်နိုင်သည့်အသင်း ဖြစ်လာသည်။ သို့သော် ချယ်လ်ဆီးအသင်းသည် ၁၃ ပွဲဆက်တိုက်ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းထား နိုင်ခဲ့သည်။ လီဗာပူးအသင်းနှင့်စတုတ်တို့ပွဲတွင် ဂလင်းဂျွန်ဆင်က နောက်ကျဂိုး တစ်ဂိုးသွင်းပေးနိုင်ခဲ့သည့်အတွက် ရှုံးပွဲ ဆက်တိုက် ရှုံးနိမ့်မှုကို အဆုံးသတ်ခဲ့သည်။

No comments:

Post a Comment

back to top