Tuesday, December 2, 2014

ဟန်းဆက်များ ဈေးနှုန်း ချိုသာစွာ ရရှိနိုင်သည့် အတွက် မိုဘိုင်းလ်ဖုန်း နှင့် တွဲဖက် အသုံးပြုရသော ပစ္စည်းများ အရောင်း သွက်လျက်ရှိ


ယခုအခါ မြန်မာနိုင်ငံ၌ တန်ဖိုးနည်း မိုဘိုင်းလ် ဆင်းကတ်များ အလွယ်တကူ ရရှိနိုင်ပြီး တံဆိပ် အမျိုးမျိုးသော ဟန်းဆက်များကိုလည်း ဈေးနှုန်း ချိုသာစွာ ဝယ်ယူရရှိနိုင်သည့် အတွက် မိုဘိုင်းလ်ဖုန်းနှင့် တွဲဖက် အသုံးပြုရသော ပစ္စည်းများမှာ အရောင်းသွက်လျက် ရှိကြောင်း  အွန်လိုင်း အခြေပြု ရောင်းဝယ်ရေး ဝက်ဘ်ဆိုက် Kaymu. com.mm မှ သိရသည်။
ပြင်ပတွင် ဝယ်ယူရရှိနိုင်သည့် ပစ္စည်းများနှင့် အွန်လိုင်း Shopping များ၌   ရောင်းဝယ်လျက် ရှိသော ပစ္စည်းများတွင် မိုဘိုင်းလ်နှင့် ဆက်စပ်ပစ္စည်းများနှင့် Gadgets များမှာ ယခုအခါ   မြန်မာနိုင်ငံ ဈေးကွက်အတွင်း များစွာ အရောင်းသွက်လျက် ရှိကြောင်း သိရသည်။ အွန်လိုင်း Shopping အများစုတွင် မိုဘိုင်းလ် ဆက်စပ်ပစ္စည်းများ အနက် Power Bank မှာ ရောင်းအား အကောင်းဆုံး ဖြစ်နေပြီး Tablet၊ နားကြပ်၊  ဖုန်းကာဗာ၊ Blue-tooth Speaker စသည့် ပစ္စည်းများလည်း ရောင်းအား ကောင်းလျက်ရှိကြောင်း သိရသည်။ ''ကျွန်တော်တို့  ဝက်ဘ်ဆိုက်ကို သုံးစွဲသူ အများစုက Mobile Acc-essories တွေကို နှစ်သက်ကြပါတယ်။ အဲဒီထဲမှာ Power Bank လိုပစ္စည်းမျိုးက အမှတ်တံဆိပ် အမျိုးမျိုးရှိပြီး ဈေးနှုန်း ငွေကျပ် ၂ဝဝဝ ကနေ ၈ဝဝဝဝ အထိ ရွေးချယ်ဝယ်ယူနိုင်တဲ့ အပြင် သယ်ဆောင်ရ လွယ်ကူတဲ့ ပစ္စည်း တစ်ခုလည်း ဖြစ်တာကြောင့်ပါ'' ဟု Kaymu Myanmar မှ Country Manager Mr.Max  Langer က ပြောသည်။ ယင်းကဲ့သို့ Power Bank များ အရောင်း သွက်လာခြင်းမှာ  အပြင်ထွက် အလုပ်လုပ် နေရသူ များပြားလာပြီး မိမိ၏ မိုဘိုင်းလ်ဖုန်း အားသွင်းရန် အချိန်မပေး နိုင်သဖြင့် အလွယ်တကူ သယ်ယူသွားနိုင်သော Power Bank များကို   ဆောင်ထားကြခြင်း ဖြစ်ကြောင်း သိရသည်။ မိုဘိုင်းလ်ဖုန်းဖြင့် အင်တာနက် အသုံးပြုခြင်းနှင့် ဂိမ်းကစား ခြင်းများကလည်း ဖုန်းဘက်ထရီ အလွယ်တကူ ကုန်နိုင်ပြီး ဘက်ထရီ အပို ဆောင်ထားခြင်းကလည်း ဖြုတ်၊ တပ်ရာတွင် အဆင်ပြေမှု မရှိခြင်းအပြင် ယခုနောက်ပိုင်း  စမတ်ဖုန်း အများစုမှာ Removable Battery ဖြစ်နေခြင်း ကလည်း အကြောင်းရင်း တစ်ရပ်ဖြစ်ကြောင်း မိုဘိုင်းလ်ဖုန်း သုံးစွဲသူများထံမှ သိရသည်။ Kaymu သည် ကမ္ဘာပေါ်တွင် ဖွံ့ဖြိုး တိုးတက်လာသည့်  ဈေးကွက် တစ်ခုဖြစ်ပြီး အွန်လိုင်း ရောင်းဝယ်ရေး ဝန်ဆောင်မှု တွင် အကြီးမားဆုံးနှင့် စိတ်အချရဆုံး အွန်လိုင်း အခြေပြု ဈေးကွက် ဝန်ဆောင်မှု လုပ်ငန်း တစ်ခုဖြစ်သည်။ လျှပ်စစ် ပစ္စည်းများ၊ စာအုပ်များ၊ ဖက်ရှင်ဆိုင်ရာ အမျိုးအစားများ၊ Ga-dgets စသည်များကို ရောင်းသူနှင့် ဝယ်သူများအား ဈေးနှုန်း မှန်ကန်စွာ အလွယ်တကူ ဝယ်ယူ ရရှိနိုင်ရန် ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။       

No comments:

Post a Comment

back to top