Thursday, December 4, 2014

နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု အရည်အချင်းစစ် စာမေးပွဲ လာရောက် ဖြေဆိုသူများ နယ်ခရီးစရိတ် ရှိလျှင် အသွား၊ အပြန် ခရီးစရိတ် ထုတ်ပေးမည်

နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု အရည်အချင်းစစ် စာမေးပွဲကို နယ်မှ လာရောက်ဖြေဆိုသူများ အနေဖြင့် မိမိဖြေဆိုသော စာစစ်ဌာန တည်ရှိရာ တက္ကသိုလ်၏ ငွေစာရင်းဌာနတွင် မိမိအမှန်တကယ် စီးနင်း လိုက်ပါခဲ့သော ယာဉ်စီးလက်မှတ်မူရင်းကို တင်ပြပေးအပ်လျက် နိုင်ငံသား စိစစ်ရေးကတ်ပြား မူရင်းပြသကာ ၁၅-၁၂-၂၀၁၄ ရက်နေ့ နောက်ဆုံးထား၍ အသွားအပြန် ယာဉ်စီးခကို လျှောက်ထားထုတ်ယူ နိုင်ကြောင်း နှင့် ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည် ထုတ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

No comments:

Post a Comment

back to top