မေ၀ယ်သာနှင့် ပက်ကွီအို မေလ ၂ ရက်တွင် ထိုးသတ်မည်
လက်ဝှေ့လောကတွင်
အကြီးဆုံးလက်ဝှေ့ပွဲဖြစ်မည့်ပွဲအတွက် ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီပက်ကွီအို နှင့်
မေလ ၂ ရက်တွင် ထိုးသတ်ရန် အသင့်ရှိသည်ဟု မေ၀ယ်သာက ပြောကြားလိုက်သည်။ သို့သော်
ယင်းလက်ဝှေ့ပွဲအတွက် မိမိရရှိမည့် ငွေပမာဏနီး ပါးတောင်းဆိုရန် မမျှော်လင့်နှင့်ဟု
ပက်ကွီအိုကို မေ၀ယ်သာက အသိပေး လိုက်သည်။ ပက္ကြီအိုမွာ
နှစ်ပွဲရှုံးထားပြီးဖြစ်၍ ယခင်ငွေပမာဏအတိုင်း တောင်း၍ မရဟု မေ၀ယ်သာက ပြောသည်။

ပရိသတ်မျှော်လင့်နေသည်မှာ
နှစ်များစွာ ကြာပြီဖြစ်သော ယင်းလက်ဝှေ့ပွဲကို မိမိနှင့် ပက်ကွီအိုတို့
နှစ်ဦးလုံးက ထိုးသတ် လိုသော်လည်း ထိုးသတ်ရန် ကြန့်ကြာနေရခြင်း၏ အဓိကအတားအဆီးမှာ
ပက်ကွီအို၏ လက်ဝှေ့ပွဲစီစဉ်သူ ဘော့ဘ်အာရွမ် ဖြစ်သည်ဟု မေ၀ယ်သာက ပြောသည်။
ယင်းလက်ဝှေ့ပွဲမှာ
အနိမ့်ဆုံး ၀င်ငွေ ကန်ဒေါ်လာ သန်း ၃၀၀ ရရှိမည်ဟု မျှော်လင့်ရပြီး ၆၀-၄၀ စီ ခွဲယူရန်
ပက်ကွီအိုက သဘောတူ ထားကြောင်း သိရသည်။ သို့သော် Money Man ဟု လူသိများသော
မေ၀ယ်သာက ယင်းအချိုးထက်ပို၍ တောင်းဆိုဖွယ် ရှိနေကြောင်း သတင်းများ
ထွက်ပေါ်နေသည်။ မေ၀ယ်သာက ယင်းလက်ဝှေ့ပွဲကို ပုံမှန်အတိုင်း ၎င်း၏ မွေးရပ်မြို့
လာ့စ်ဗီးဂတ်စ်၌ ကျင်းပရန် တောင်းဆို နိုင်သော်လည်း အာရွမ်က မကာအိုတွင် ပရိသတ်
၅၀၀၀၀ ဆံ့ ယာယီအားကစားရုံ တစ်ခု တည်ဆောက်ထိုးသတ်ရန် တိုက်တွန်း ထားသည်။
ထိုးသတ်ခဲ့သည့် ပွဲပေါင်း ၄၇ ပွဲတွင် ရှုံးပွဲလုံးဝမရှိခဲ့သည့်
မေ၀ယ်သာက ပက်ကွီအိုကို အနိုင်ထိုးသတ်နိုင်မည်ဟု ယုံကြည်ထားပြီး ယင်းပွဲကို
ပရိသတ်များ သဘောကျလိမ့်မည်ဟု ၎င်းက ပြောသည်။
လက်ဝှေ့လောကတွင်
အကြီးဆုံးလက်ဝှေ့ပွဲဖြစ်မည့်ပွဲအတွက် ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီပက်ကွီအို နှင့်
မေလ ၂ ရက်တွင် ထိုးသတ်ရန် အသင့်ရှိသည်ဟု မေ၀ယ်သာက ပြောကြားလိုက်သည်။ သို့သော်
ယင်းလက်ဝှေ့ပွဲအတွက် မိမိရရှိမည့် ငွေပမာဏနီး ပါးတောင်းဆိုရန် မမျှော်လင့်နှင့်ဟု
ပက်ကွီအိုကို မေ၀ယ်သာက အသိပေး လိုက်သည်။ ပက္ကြီအိုမွာ
နှစ်ပွဲရှုံးထားပြီးဖြစ်၍ ယခင်ငွေပမာဏအတိုင်း တောင်း၍ မရဟု မေ၀ယ်သာက ပြောသည်။

ယင်းလက်ဝှေ့ပွဲမှာ
အနိမ့်ဆုံး ၀င်ငွေ ကန်ဒေါ်လာ သန်း ၃၀၀ ရရှိမည်ဟု မျှော်လင့်ရပြီး ၆၀-၄၀ စီ ခွဲယူရန်
ပက်ကွီအိုက သဘောတူ ထားကြောင်း သိရသည်။ သို့သော် Money Man ဟု လူသိများသော
မေ၀ယ်သာက ယင်းအချိုးထက်ပို၍ တောင်းဆိုဖွယ် ရှိနေကြောင်း သတင်းများ
ထွက်ပေါ်နေသည်။ မေ၀ယ်သာက ယင်းလက်ဝှေ့ပွဲကို ပုံမှန်အတိုင်း ၎င်း၏ မွေးရပ်မြို့
လာ့စ်ဗီးဂတ်စ်၌ ကျင်းပရန် တောင်းဆို နိုင်သော်လည်း အာရွမ်က မကာအိုတွင် ပရိသတ်
၅၀၀၀၀ ဆံ့ ယာယီအားကစားရုံ တစ်ခု တည်ဆောက်ထိုးသတ်ရန် တိုက်တွန်း ထားသည်။
ထိုးသတ်ခဲ့သည့် ပွဲပေါင်း ၄၇ ပွဲတွင် ရှုံးပွဲလုံးဝမရှိခဲ့သည့်
မေ၀ယ်သာက ပက်ကွီအိုကို အနိုင်ထိုးသတ်နိုင်မည်ဟု ယုံကြည်ထားပြီး ယင်းပွဲကို
ပရိသတ်များ သဘောကျလိမ့်မည်ဟု ၎င်းက ပြောသည်။
No comments:
Post a Comment