လွှတ်တော်ကိုယ်စားလှယ်များလစာတိုးရန် အတည်ပြု
ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းနှင့်
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များ၏လစာများတိုးမြှင့်သတ် မှတ်ပေးရန်
အမျိုးသားလွှတ်တော် နှင့် ပြည်သူလွှတ်တော်က အ တည်ပြုလိုက်ပြီဖြစ်သည်။
ပြည်ထောင်စုအဆင့်လွှတ် တော်ကိုယ်စားလှယ်များအား ကျပ်၁၀
သိန်းမှ ၁၆ သိန်း အထိ၊တိုင်း နှင့် ပြည်နယ် အဆင့်လွှတ် တော်ကိုယ်စားလှယ်များအား
ကျပ်ငါးသိန်းမှ ဆယ်သိန်းအထိ နှင့် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ
ဦးစီးအဖွဲ့ဝင်များအား ကျပ် နှစ်သိန်းမှ ငါးသိန်းအထိ အသီးသီးတိုးမြှင့်ပေးရန်
အမျိုး သားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ် များအပါအ၀င် ပြည်သူ့လွှတ် တော်နှင့်
အမျိုးသားလွှတ်တော်များ၏ ခံစားခွင့်ကို လက်ရှိ လစာ ကျပ်သုံးသိန်းမှ
၊ဆယ်သိန်းမှ ကျပ်ဆယ့်ခြောက်သိန်း ကြားတွင် တိုးမြှင့်ခံစားခွင့်ပြုရန်
နိုဝင်ဘာ ၁၈ရက်ကကျင်းပသော ပြည်သူ့လွှတ်တော်တွင် အတည် ပြုလိုက်ခြင်းဖြစ်သည်။
ယင်းသို့တိုးမြှင့်ခံစားခွင့်ပြုရန် ဆုံးဖြတ်ခြင်းကိုလွှတ်တော်၏
သဘောတစ်ခုတည်းဖြင့် ဆုံးဖြတ် ခြင်းမဟုတ်ဘဲ စီမံကိန်းနှင့် ဘဏ္ဍာရေးအဖွဲ့၏
ယခင်အဆက်ဆက် အစိုးရများ လွှတ်တော် ကိုယ်စား လှယ်များ၏ လစာစရိတ်များ ကွာခြားချက်၊
နိုင်ငံခြားတိုင်းပြည်များမှရရှိသော ခံစားခွင့်များကို တွက်ချက် ပေးပြီး မှသာ
ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင်
ဒေါက်တာစိုးမိုးအောင် ကပြောသည်။
Ref. 7 day daily
No comments:
Post a Comment