Wednesday, November 19, 2014

အမေရိကန် အားကစားသမိုင်းမှာ တန်ဖိုးအကြီးဆုံး စာချုပ်ချုပ်ဖို့ စတင်တန် သဘောတူ
အမေရိကန် ပရော်ဖက်ရှင်နယ် အားကစားလောကမှာ အကျိုးအမြတ်အများဆုံး ကန်ထရိုက် စာချုပ်ဖြစ် မယ့် သက်တမ်းတိုး စာချုပ် တစ်ရပ်ကို ဘေ့စ်ဘော အကျော်အမော် ဂီယန်ကာလိုစတင်တန်က တနင်္လာ နေ့က သဘောတူလိုက်သည်။

မေဂျာလိဂ် ဘေ့စ်ဘောပြိုင်ပွဲဝင် မီယာမီမာလင်း အသင်းဟာ စတင်တန်ကို (၁၃)နှစ်ကျော် သက်တမ်းရှိပြီး ဒေါ်လာ(၃၂၅)သန်း တန်ကြေးရှိတဲ့ စာချုပ်နဲ့ သက်တမ်းတိုးမှာ ဖြစ်သည်။ မာလင်းအသင်းပိုင်ရှင် ဂျက်ဖရီ လိုရီယာက "ဒီနေ့ဟာ သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်တဲ့နေ့ပါပဲ။ မီယာမီမြို့အတွက်ရော၊ စတင်တန် အတွက် ရော၊ ဘေ့စ်ဘော အားကစားအတွက်ပါ ၀မ်းသာစရာ ကောင်းပါတယ်။ ကျွန်တော်တို့အတွက် ဘ၀ကို နှစ်မြုပ်ပြီး ကစားပေးတဲ့ ကစားသမားတစ်ဦး ရှိပါတယ်။ ကျွန်တော်တို့ကလည်း သူ့ကစားသမားဘ၀ တစ်ခုလုံး အတွက် ပြန်လည် တာဝန်ယူပေးရပါမယ်"လို့ ပြောသည်။ စတင်တန်ဟာ အသက်(၂၅)နှစ်ရှိပြီး ပြီးခဲ့တဲ့ ရာသီမှာ Home run ကနေ (၃၇)မှတ် ရယူပေးပြီး အကောင်းဆုံးဆုလည်း ရခဲ့သည်။ အရင်က မေဂျာလိဂ် ဘေ့စ်ဘော ပြိုင်ပွဲမှာ တန်ဖိုးအကြီးဆုံး စာချုပ်အဖြစ် စံချိန်တင်ထားတာက မီဂွယ်ကာ ဘရီရာဖြစ်ပြီး မတ်လက ဒက်ထရိုက်တိုက်ဂါးအသင်းနဲ့ (၁၀)နှစ် စာချုပ်ခဲ့သည်။ အဲဒီစာချုပ်တန်ဖိုးက ဒေါ်လာ(၂၉၂)သန်း ဖြစ်သည်။

No comments:

Post a Comment

back to top