Wednesday, November 19, 2014

မြန်မာနိုင်ငံမှ ရထားလမ်းများ တည် ဆောက် ပြု ပြင် ခြင်း ကို ၂ဝ၁၆ခုနှစ်တွင် စတင် ဆောင် ရွက်မည်

အာရှဒေသတွင်း ရထားလမ်း ကွန်ရက် (Trans-Asian Rail-way) နှင့်ချိတ်ဆက်ရန် စီစဉ်ထားသော  မြန်မာနိုင်ငံမှ မီးရထား လမ်းများ အဆင့်မြှင့်တင် တည်ဆောက် ပြုပြင်ခြင်း လုပ်ငန်းများကို ၂ဝ၁၆ခုနှစ်တွင် စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ (Trans-Asian Rail-way) နှင့် ချိတ်ဆက်မည့် မြန်မာနိုင်ငံမှ မီးရထား လမ်းများအား အဆင့်မြှင့်တင်ခြင်း၊ အသစ်တည် ဆောက်ခြင်း တို့ကို ဂျပန်နိုင်ငံမှ ၁ဒသမ ၇ဘီလျံကျော် ကူညီ ထောက်ပံ့ကာ လေးနှစ် စီမံကိန်းဖြင့် ၂ဝ၁၆ခုနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အဓိကအကျဆုံး ရထား လမ်းကြောင်းဖြစ်သော ရန်ကုန်- မန္တလေး မီးရထား လမ်းပိုင်းကို ပထမဦးစားပေး အနေဖြင့် အဆင့်မြှင့်တင် ပြီးနောက် အာရှဒေသတွင်း ရထားလမ်း ကွန်ရက်နှင့် ချိတ်ဆက်မည့် ရထားလမ်းပိုင်းများ တည်ဆောက်ပြုပြင်ခြင်း၊  အသစ်ဖောက်လုပ်ခြင်း တို့ကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ဂျပန်နိုင်ငံ JICAမှ သက်ဆိုင်ရာ တာဝန်ရှိသူများက နှစ်နှစ်ခန့် အချိန်ယူကာ ကွင်းဆင်း လေ့လာ ခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံ အနေနှင့်  မြန်မာနိုင်ငံတွင် မီးရထားဖြင့် သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက် လာစေရန် လိုအပ်သော အကူအညီ အထောက်အပံ့ များဖြင့် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ရန် စီစဉ်ထားရာ ရထားလမ်း များ အဆင့်မြှင့်တင်ခြင်း၊ အသစ် ဖောက်လုပ်ခြင်းနှင့် ဘူတာရုံများ ပြုပြင် တည်ဆောက်ခြင်း စသည်တို့ အပြင် လျှပ်စစ် ရထားဖြင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍကိုပါ အကောင် အထည်ဖော် ဆောင် ရွက်နိုင်စေရန် ရည်မှန်းထားပြီး အဆိုပါ စီမံကိန်းများ အတွက် လိုအပ်သော နည်းပညာ များနှင့် ငွေကြေး အထောက်အပံ့များ ကိုလည်း ကူညီထောက်ပံ့ သွားမည် ဖြစ်ကြောင်း သိရသည်။  


No comments:

Post a Comment

back to top