Tuesday, November 18, 2014

ပရဟိတအလုပ်တွေ ဦးစားပေးလုပ်ဖြစ်တဲ့ မိုးစက်ဝိုင်
နှစ်ပေါင်း (၆၀) ကျော်ကြာမှ ပြန်လည်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် ပထမဆုံးမယ်စကြ၀ဠာ ပြိုင်ပွဲ ပြိုင်ပွဲဝင် မိုးစက်ဝိုင်သည် အနုပညာအလုပ်ထက် ပရဟိတအလုပ်များကို ဦးစားပေးလုပ် ဖြစ်နေကြောင်းပြောသည်။ ‘‘အခုဆိုရင် ဆယ်တန်းစာ မေးပွဲတွေက နီးလာပြီဆိုတော့ အစ်မပညာသင်ထောက်ပံ့ပေးနေ တဲ့ ကလေးသုံးယောက်ကို မေမြို့ မှာ ကျောင်းထားထားပါတယ်။ အခုစာမေးပွဲနီးလာပြီဆိုတော့ ကျိုက်ထိုမြို့က စိတ်ကူးတောင် ဘုန်းဘုန်းကြီးဆီမှာ သြ၀ါဒခံယူ ခိုင်းဖို့အတွက် ကလေးတွေနဲ့ သွားဖို့ရှိပါတယ်။ အခုတစ်လောတော့ ပရဟိတအလုပ်တွေကိုပဲ ဦးစား ပေးလုပ်ဖြစ်ပါတယ်’’ဟု မိုးစက် ၀ိုင်ကဆိုသည်။
ရွှေအက်ဖ်အမ် ငါးနှစ်ပြည့် တွင် အကောင်းဆုံးဝတ်စားဆင် ယင်မှုဆုရရှိထားသော ရွှေပြား ကိုလည်း ပရဟိတလုပ်ငန်းများ၌ ထည့်သွင်းလှူဒါန်းသွားမည်ဖြစ် ကြောင်း ပြောသည်။ Miss Universe Myanmar မိုးစက်ဝိုင်သည် ကိုယ်ပိုင်စီးပွား ရေး လုပ်ကိုင်ရန်အစီအစဉ် ရှိပြီး အနုပညာအလုပ်များကို လည်း တတ်နိုင်သလောက် လုပ် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ စာချုပ်ချုပ်ဆိုထားသော ဘန်ကောက်လေကြောင်းဖြင့် ပုဂံခရီးစဉ်တစ်ခုသွားရန်ရှိပြီး လတ်တလောအနုပညာ လှုပ်ရှား မှုအနေဖြင့် မဂ္ဂဇင်းကာဗာများ ရိုက်ကူးရန်ရှိကြောင်း မိုးစက်ဝိုင် ကပြောသည်။

No comments:

Post a Comment

back to top