Tuesday, November 18, 2014

နိုင်ငံအရှေ့ပိုင်းရှိ အစိုးရဌာနများ ပိတ်ပစ်ရန် ယူကရိန်း သမ္မတ အမိန့်ထုတ်ပြန်

ယူကရိန်းသမ္မတ ပီထရိုပိုရိုရှန်ကို သည် ၎င်းနိုင်ငံ အရှေ့ပိုင်းရှိ အစိုးရဌာနများ အားလုံး ပိတ်ပစ်ရန် အမိန့်ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

၎င်းနိုင်ငံ အရှေ့ပိုင်းတွင် အစိုးရ တပ်ဖွဲ့ဝင်များနှင့် ခွဲထွက်ရေး သမားကြား တိုက် ခိုက်မှု ဆက်လက် ဖြစ်ပွား လျက်ရှိပြီး ၎င်းဒေသအတွင်းရှိ အစိုးရဌာနများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ အားလုံးကို ယူကရိန်း အစိုးရက ရက်သတ္တပတ် အတွင်း ပိတ်ပစ် သွားမည်ဖြစ်သည်။
ထို့ပြင် ၎င်းဒေသအတွင်းသို့ အစိုးရက ငွေကြေး ထောက်ပံ့နေခြင်းကို ရပ်ဆိုင်းပစ်မည်ဟု အမည်မဖော်လိုသူ အစိုးရအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် အစိုးရတပ်များနှင့် ခွဲထွက်ရေး သမားများအကြား တိုက်ပွဲများ စတင်ဖြစ်ပွားသည့် အချိန်မှစ၍ ယနေ့အချိန်ထိ လူပေါင်း ၄ဝဝဝ ကျော် သေဆုံးပြီး အခြား ၉၃ဝဝ ဒဏ်ရာ ရရှိခဲ့သည့်အပြင် ဒေသခံပြည်သူ သိန်းပေါင်းများစွာမှာ ၎င်းတို့၏ နေအိမ်များကို စွန့်ခွာ၍ ထွက်ပြေးရလျက် ရှိကြောင်း ကုလသမဂ္ဂ အဖွဲ့က ပြောကြားထားသည်။




No comments:

Post a Comment

back to top