Tuesday, November 18, 2014

ဂျနီဗာလေလံပွဲတွင် မြန်မာ့ပတ္တမြား ဒေါ်လာ ရှစ်သန်း ကျော်ဖြင့်ရောင်းချ

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ မြို့၌ ကျင်းပသော ရှားပါးဈေးကြီး ကျောက်မျက်ရတနာများ လေလံ ရောင်းချပွဲ တစ်ခုတွင် လန်ဒန်မြို့မှ တန်ဖိုးကြီး လက်ဝတ်ရတနာ ကုန်သည် လောရင့်စ်ဂရတ်ဖ်က မြန်မာ့ ပတ္တမြား တစ်လုံးကို ကန်ဒေါ်လာ ၈ ဒသမ ၆ သန်းဖြင့် ဝယ်ယူခဲ့ ကြောင်း သတင်းရရှိ သည်။

စိန်များ၏ ဘုရင်ဟု လူသိများသည့် ဂရတ်ဖ်က ထိုပတ္တမြားကို ဒုတိယအကြိမ် ပြန်လည်ဝယ်ယူခြင်း ဖြစ်သည်။ ၎င်းသည် ထိုပတ္တမြားကို လွန်ခဲ့သောရှစ်နှစ်က လေလံ ပွဲတစ်ခု၌ ဝယ်ယူခဲ့ပြီး ပြန်လည် ရောင်းချ ခဲ့ သည်။ ပတ္တမြားကို ဂရတ်ဖ်ပတ္တမြားဟု ထိုအချိန်က ခေါ်ဆိုခဲ့သည်။
‘‘ဒီပတ္တမြားက    ကမ္ဘာ့ အကောင်းဆုံးပတ္တမြားပါ။ ကျွန်တော်တို့ရဲ့ စုဆောင်းထားတဲ့ ရတနာတွေထဲမှာ   ဒီပတ္တမြား ကို နောက်တစ်ကြိမ် ပြန်ပိုင်ဆိုင်ခွင့်ရတာ အရမ်းဂုဏ်ယူပါတယ်’’ ဟု ၎င်း က ဆိုသည်။

စိန်လက်စွပ်ထဲမှာမြှုပ်ထားသော အဆိုပါလေးထောင့်ပုံ ပတ္တမြားသည် ကျောက်မျက်ကောင်းများထွက်ရှိရာ မြန်မာနိုင်ငံမိုးကုတ်မြို့မှဖြစ်သည်။

No comments:

Post a Comment

back to top